၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင်

International News
၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင်

စပိန်နိုင်ငံ မာယော့ကာကျွန်းကို အလည်အပတ်လာရောက်ခဲ့တဲ့ ဂျာမနီနိုင်ငံသား ၅၅ ယောက်ဟာ ၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ ယမကာခရီးသည်များမြို့တော်လို့ ဝေဖန်ခံရလေ့ရှိတဲ့ Playa de Palma ကမ်းခြေမှာ ဂျာမနီနိုင်ငံသားတွေက စံချိန်သစ်တင်ခဲ့ကြတာပါ။

တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မသိကျွမ်းကြတဲ့ ဂျာမနီနိုင်ငံသားတွေက WhatsApp ဂရုတွေကတစ်ဆင့် စုပေါင်းစံချိန်တင်ဖို့ စီစဉ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဂျာမနီခရီးသွားတစ်စုက ၃ နာရီအတွင်း ဘီယာ ၁၁၁၁ ခွက်သောက်ပြီး ကမ္ဘာ့စံချိန် တင်ခဲ့ကြဖူးပါတယ်။

ဂျာမနီနိုင်ငံသား ၅၅ ယောက်ဟာ နံနက် ၁၀ ခွဲကစကာ စံချိန်သစ်တင်ဖို့ ကြိုးပမ်းခဲ့ကြပြီး မွန်းလွဲ ၁ နာရီအချိန်မှာ ဘီယာခွက်ပေါင်း ၁၂၅၄ ခွက် သောက်နိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ မျှော်မှန်းထားတာထက် ၁ နာရီ ပိုကြာပေမဲ့ စံချိန်ဟောင်းထက် ခွက် ၁၀၀ ကျော် သာလွန်ခဲ့ပါတယ်။ သူတို့ရဲ့စံချိန်ချိုးမယ့် ကြိုးပမ်းမှုအတွက် ဘီယာဖိုး ကုန်ကျစရိတ်ကတော့ ယူရို ၂၃၈၀ ( ဒေါ်လာ ၂၅၃၄) ကျသင့်ခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် အချိန် ၂ နာရီခွဲအတွင်း လူတစ်ဦးကို ဘီယာ ၂၂ ခွက်စီ သောက်ခဲ့တာဖြစ်ပြီး တချို့ကတော့ တစ်နာရီအတွင်း အနည်းဆုံး ဘီယာ ၁၀ ခွက် ကုန်အောင် သောက်နိုင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။