နှစ်ပတ်ဆက်တိုက် ထီဆုကြီး ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး

International News
နှစ်ပတ်ဆက်တိုက် ထီဆုကြီး ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ်ပတ်ဆက်တိုက် ထီဆုကြီး ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ်ပတ်ဆက်တိုက် ထီဆုကြီး ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းထီ ထိုးရင်း နှစ်ပတ်ဆက်တိုက် ထီဆုကြီး ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ဂျနီဖာမင်တန်ဟာ Safari Quest အွန်လိုင်းထီဂိမ်း ကစားနေရင်း အလယ်ပုံထီဆုကြီးကို တစ်ယောက်ယောက် ဆွတ်ခူးသွားမှန်း သတိထားမိခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်လာ ၉၁၂၉၃၆ အလယ်ပုံ ထီဆုကြီး ဆွတ်ခူးသွားသူက သူ ဖြစ်နေမှန်း မသိခဲ့ပါဘူး။ မိနစ်ပိုင်းအကြာမှ သူ ထီပေါက်မှန်း သူ သိခဲ့တာပါ။ ဒီထက်ပိုပြီး အံ့အားသင့်စရာကောင်းတာကတော့ ဂျနီဖာမင်တန်ဟာ လွန်ခဲ့တဲ့တစ်ပတ်ကလည်း Safari Quest အွန်လိုင်းထီဂိမ်းကနေ ဒေါ်လာ ၅၀၀၀၀ ဆွတ်ခူးခဲ့ဖူးတာပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။