“ အာရှတိုက်ကို ရောက်ရှိလာတော့မယ့်Taylor Swiftရဲ့ Eras Tour ”

Celebrity International News
“ အာရှတိုက်ကို ရောက်ရှိလာတော့မယ့်Taylor Swiftရဲ့ Eras Tour ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ အာရှတိုက်ကို ရောက်ရှိလာတော့မယ့်Taylor Swiftရဲ့ Eras Tour ”ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ အာရှတိုက်ကို ရောက်ရှိလာတော့မယ့်Taylor Swiftရဲ့ Eras Tour ”

ကမ္ဘာ့အအခမ်းအနားဆုံး Tourတွေထဲက တစ်ခုလို့ဆိုနိုင်တဲ့ Taylor Swift ရဲ့ Eras Tour ကြီးဟာ အာရှတိုက်ကို နောက်နှစ်ထဲမှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Taylor ဟာ ErasTour ရဲ့ ဒုတိယကြိမ်မြောက် ခရီးစဉ်ကို နောက်လမှာစတင်မှ
ဖြစ်ပြီး အာရှတိုက်၊ လက်တင်အမေရိက၊ ဥရောပတိုက်နဲ့ သြစတေးလျတိုက်တို့မှာ
ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Eras Tour အမေရိကခရီးစဉ် ကို
မက္ကစီကိုနိုင်ငံမှာကျင်းပပြီးစီးခဲ့တာဖြစ်ပြီး ယခုလ (၉)ရက်နေ့မှစတင်ကာ လက်တင်အမေရိကခရီးစဉ်အဖြစ် အာဂျင်တီးနားနိုင်ငံမှာစတင်ပြီးဖျော်ဖြေသွားမှာဖြစ်ပါတယ်။


အာရှတိုက် Eras Tour ကိုတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ရက်၊ ၈ရက်၊၉ရက်၊ ၁၀ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ မှာကျင်းပသွားမှာဖြစ်ပြီး နောက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာအြိမ်နီးချင်းနိုင်ငံ စင်္ကာပူနိုင်ငံ၊ စင်္ကာပူမြို့မှာတော့ မတ်လ ၂ရက်၊၃ရက်၊၄ရက်တွေမှာကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံပါဝင်ဖို့ကတော့ အိပ်မက်အဖြစ်သာရှိပါတယ်။

Taylor Swift ရဲ့ Eras Tour ကြီးကို ၂၀၂၃ ခုနှစ်၊မတ်လ ၁၇ ရက်နေ့ ကနေစတင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် ထိကျင်းပသွားမှာဖြစ်ပါတယ်။

ရေးသားသူ –POP PLUS

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။