အိုးပုတ်ယတြာလက်ဆောင်ပေးရအောင်

Astrology
အိုးပုတ်ယတြာလက်ဆောင်ပေးရအောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိုးပုတ်ယတြာလက်ဆောင်ပေးရအောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိုးပုတ်ယတြာလက်ဆောင်ပေးရအောင်

အကယ်၍ သင့်အလုပ်အကိုင်တွေမှာအခက်အခဲတွေကြုံနေရင် ကလေးငယ်များကို အိုးပုတ် (၅)ခုလက်ဆောင်ပေးပြီးအလုပ်တွေအဆင်ပြေစေဖို့ဆန္ဒပြုလိုက်ပါ ။ အဆင်ပြေချောမွေ့စေပါတယ် ။

အကယ်၍သင်ရောင်းလိုသော အိမ် အဆောက်အဦး ၊ အိုး ၊ အုတ် ၊ အိတ်များ အရောင်းထိုင်းနေသည်ဆိုပါက အိုးပုတ် (၅) ခုဝယ်ပြီး မိတ်ဆွေတစ်ဦးဦးကို လက်ဆောင်ပေးရင်းဆန္ဒပြုကြည့်ပါ ။ မကြာခင် ရောင်းထွက် သွားပါလိမ့်မယ် ။

အကယ်၍ သင့်အမည် သို့မဟုတ် သင့်လုပ်ငန်းအမည် သင့်ဆိုင်အမည် သင့်ကလောင်အမည်နှင့်သင့်အနုပညာအမည်တို့သည် တနင်္ဂနွေနံ {အ ဥဧ ဩ}အက္ခရာအစ ကြာသပတေးနံ {ပ ဖ ဗ ဘ မ}အက္ခရာအဆုံးဖြင့်မှည့်ခေါ်ထားသူဖြစ်နေပါကသင့်ဘဝတစ်လျှောက်လုံး အိမ်မှာကပ်နေရသည်မရှိတတ်ဘဲ အကြောင်းအမျိုးမျိုးဖြင့် အိမ်အပြင်သို့ လှည့်လည်သွားလာ လုပ်ကိုင်နေရသူဖြစ်လိမ့်မယ် ။

ဘဝတစ်သက်တာလုံး ကံကောင်းလိုပါက တစ်စုံတစ်ခုသော တနင်္ဂနွေနံပစ္စည်း သို့မဟုတ် စားသောက်ဖွယ်ရာတို့ကို လှူဒါန်းပေးကမ်းစွန့်ကြဲနေပါမှ အမြဲတစေ ကံကောင်းတိုးတက်နေမှာဖြစ်ပါတယ် ။
အုန်းသီးပါသောမုန့် (၅) ခုသို့မဟုတ် အုန်းထမင်း ၊ အအေး ၊ ဥ အမျိုးမျိုး အိုးပုတ် စသည်တို့မှ လွယ်ကူရာကိုဝယ်ယူ၍ ပေးလှူပါက ကံကောင်းစေတတ်ပါကြောင်း…။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။