အနုပညာအလုပ်ကိုပညာရှင်ဆန်ဆန်လုပ်ကိုင်ပြီး ကိုယ့်ဘာသာရပ်တည်နိုင်တာမို့ ယောကျာ်းယူပြီးမှီခိုဖို့ အစီအစဉ်မရှိပါဘူးဆိုတဲ့ မေမြင့်မိုရ်

Celebrity Local News
အနုပညာအလုပ်ကိုပညာရှင်ဆန်ဆန်လုပ်ကိုင်ပြီး ကိုယ့်ဘာသာရပ်တည်နိုင်တာမို့ ယောကျာ်းယူပြီးမှီခိုဖို့ အစီအစဉ်မရှိပါဘူးဆိုတဲ့ မေမြင့်မိုရ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနုပညာအလုပ်ကိုပညာရှင်ဆန်ဆန်လုပ်ကိုင်ပြီး ကိုယ့်ဘာသာရပ်တည်နိုင်တာမို့ ယောကျာ်းယူပြီးမှီခိုဖို့ အစီအစဉ်မရှိပါဘူးဆိုတဲ့ မေမြင့်မိုရ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်ကိုပညာရှင်ဆန်ဆန်လုပ်ကိုင်ပြီး ကိုယ့်ဘာသာရပ်တည်နိုင်တာမို့ ယောကျာ်းယူပြီးမှီခိုဖို့ အစီအစဉ်မရှိပါဘူးဆိုတဲ့ မေမြင့်မိုရ်

မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရ ရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါ တယ်။ မေမြင့်မိုရ်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိ သတ်တွေရဲ့ ရှေ့ကို စတင်ရောက်ရှိခဲ့သူပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ တာ့ ထူးချွန်ပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်တွေကြောင့် ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ မင်းသမီးတစ်လက်အနေနဲ့ နေရာရရှိခဲ့သူပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုခြေ လှမ်းအသစ်တစ်ခုအနေနဲ့ သီချင်းလေးပါသီဆိုနေခဲ့ပါသေးတယ်။

မေမြင့်မိုရ်ဟာ အခုတစ်ခါမှာတော့ မင်းသမီးတွေအပြိုင်အဆိုင် ယော ကျာ်းယူနေကြပေမယ့် သူ့အနေနဲ့တော့ အနုပညာကို ပညာရှင်ဆန်ဆန် လုပ်ကိုင်နေပြီး ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ် တာကြောင့် ယောကျာ်းတစ်ယောက်ကို မှီခိုနေစရာမလိုဘူးဆိုတဲ့ အကြောင်းကို ပြောပြလာပါတယ်။

မေမြင့်မိုရ်က”အချစ်နဲ့ ပတ်သတ်ပြီးတော့က အေးဆေးပါပဲ။ အချစ်နဲ့ပတ်သတ်ပြီး ဘာမှပြောစရာမရှိပါဘူး။ ကိုယ်ကငယ်သေးတယ် အခုမှ ၃ဝ တောင် မပြည့်သေးဘူး။ ကိုယ်တွေက အများကြီးလုပ်စရာရှိသေးတယ်။ အနု ပညာအပိုင်းဆိုရင်လဲ ကြိုးစားဖို့ အများကြီးအများကြီးကို ကျန်သေး တယ်။ တစ်ခါတစ်လေကျရင် ကိုယ်အသက်ရှင်နေတဲ့ အချိန်နဲ့ ကိုယ် လုပ်ချင်တာတွေနဲ့တောင် လောက်ပါ့မလားဆိုပြီးတော့ စဉ်းစားမိတ ယ်။ ကိုယ်တတ်ချင်တဲ့သင်တန်းတွေလဲ အများကြီးရှိသေးတယ်။ ပန်းချီဆိုလဲ တက်နေတုန်း ပဲ။ မြင်းစီးလဲ သင်ချင်တာပဲ။ စီးပွားရေးဆိုလဲလုပ်ချင်တာပဲ။ နိုင်ငံခြား မှာဆိုလဲ ကိုယ်မသိသေးတဲ့ ပညာတွေသွားပြီးတော့ တက်ချင်တာပဲ။ စ ဉ်းစားစရာတွေက များလွန်းတော့ အိမ်ထောင်ပြုတဲ့ ကိစ္စက စဉ်းစားတဲ့ ထဲမပါသေးဘူး။

ကိုယ်ချစ်တဲ့လူရှိလာရင်တော့ တမျိုးပေါ့။ မေတို့က ကျတော့ မိန်းကလေးတစ်ယောက်အနေနဲ့ အနုပညာလုပ်ငန်းတွေ သရု ပ်ဆောင်တာတွေကို Professional လုပ်နေတာဆိုတော့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့အမျိုးသမီးတစ်ယောက်ဆိုတော့ ယောကျာ်းလေးတစ်ယောက်ကို မှီခိုရ ပ်တည်ဖို့တော့ မစဉ်းစားဖူးဘူးလေ”လို့ သူမရဲ့ ပြတ်သားတဲ့ ခံယူချက် ကို ပြောပြခဲ့ပါတယ်။

May Myint Mo, gorgeous in black - Myanmar Models DB

မေမြင့်မိုရ်ဟာ သန်မာတဲ့ အမျိုးသမီးတစ်ယော က်အပြင် အနုပညာကို ပညာရှင်ဆန်ဆန်လုပ်ကိုင်နေပြီး ကိုယ့်ခြေ ထာက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာ ကြောင့် ချစ်တဲ့လူရှိလာရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုပေမယ့် ယောကျာ်းယူပြီး မှီခိုရပ်တည်ဖို့ အစီအစဉ်တော့ မရှိဘူးဆိုတဲ့ မြင့်မား ပီး လေးစားဖို့ကောင်းတဲ့ ခံယူချက်တစ်ခုကို ပရိသတ်တွေကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။