နှလုံးနဲ့ ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ

Health Knowledge
နှလုံးနဲ့ ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှလုံးနဲ့ ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


နှလုံးနဲ့ ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ

(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ် အာတာလွတ်ဥဟာ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင် ပါတယ်။ အိပ်မပျော်တာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေအားလုံးကို ဖြေရှင်းပေးနိုင် ပါတယ်။

(၂) သွေးအားကို ထိန်းညှိပေးတယ် အာတာလွတ်ဥမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု များတာကြောင့် သွေးအားကို ထိန်းညှိပေးနိုင် ပါတယ်။ သွေးတိုးရောဂါ ရှိတဲ့ သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်

(၃) ကျောက်ကပ်အားကောင်းစေတယ် အာတာလွတ်ဥမှာ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။

(၄) နှလုံးအားကောင်းစေတယ် အာတာလွတ်ဥ ထဲမှာ ပါဝင်တဲ့ folate လို့ ခေါ်တဲ့ ဓာတ်ဟာ နှလုံးရောဂါဖြစ်စေတဲ့ homocysteine ဓာတ်ကို လျှော့ချပေး ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်မှု မြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝ တာကြောင့် သွေးလည်ပတ်မှု အားကောင်းစေ ပါတယ်။

(၅) ဗီတာမင်ဘီအုပ်စု ကြွယ်ဝတယ် အာတာလွတ်ဥမှာ ဗီတာမင်ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ကိုလက်စထောတွေ ပါဝင်တာကြောင့် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ သွေးအားနည်းရောဂါအပြင်၊ မူးမော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး ပါတယ်။

(၆) သွေးနီဥတိုးစေတယ် Copper နဲ့ သံဓာတ်ဟာ သွေးနီဥ အသစ်တွေဖြစ်ပေါ်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေဖြစ် ပါတယ်။ အာတာလွတ်ဥ ထဲမှာ ဒီဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားကောင်းစေ ပါတယ်။

(၇) ဉာဏ်ရည်ထက်မြက်စေတယ် အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးလည်ပတ်မှုအားကောင်းစေတဲ့လို့ ဦးနှောက် ထဲကို အောက်စီဂျင်လုံလောက်စွာ ရောက်ရှိစေတဲ့အတွက် ဉာဏ်ကောင်းစေ ပါတယ်။ သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

အားလုံးကျန်းမာကြပါစေ။

ကျန်းမာရေးဗဟုသုတမို့ကော်ပီယူ၍ပြန်တင်ပါသည်။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။