အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် ရှာကီယာ ဒဏ်ကြေး၊ ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ အမှုကြေအေး

Celebrity International News
အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် ရှာကီယာ ဒဏ်ကြေး၊ ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ အမှုကြေအေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် ရှာကီယာ ဒဏ်ကြေး၊ ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ အမှုကြေအေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် ရှာကီယာ ဒဏ်ကြေး၊ ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ အမှုကြေအေး

အမှုရင်ဆိုင်ဖို့ တရားရုံးကို ရောက်ရှိလာတဲ့ အဆိုတော် ရှာကီယာ

ကိုလမ်ဘီယာ နာမည်ကြီးအဆိုတော် ရှာကီယာဟာ စပိန်နိုင်ငံမှာ စွဲဆိုခံထားရတဲ့ အခွန်ရှောင်မှုကို ဒဏ်ကြေးပေးပြီး ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ ကြေအေးဖို့ ကတိပြုလိုက်ပါတယ်။

ဘာစီလိုနာမြို့မှာ လုပ်ခဲ့တဲ့ ကြားနာစစ်ဆေးမှု အစမှာ အမှုလိုက်ရှေ့နေတွေနဲ့ ရှာကီယာ အကြား သဘောတူချက်တစ်ခု ရခဲ့တယ်လို့ တရားသူကြီးက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ရှာကီယာ ဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း စပိန်အစိုးရကို ဝင်ငွေခွန်ဆောင်ရမယ့် ဒေါ်လာ ၁၅ သန်းကျော်လောက်ကို အခွန်မပေးရတဲ့ တိုင်းပြည်တွေဆီလွှဲပို့ခဲ့ပြီး အခွန်ရှောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

အခု သူက ဒဏ်ကြေးဒေါ်လာ ၇ သန်းခွဲကျော်ပေးရမှာ ဖြစ်ပါတယ်။

ရှာကီယာက သူ့ကလေးတွေရဲ့ အကျိုးအတွက် အကောင်းဆုံးဖြစ်အောင်နဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတလျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှု သောကတွေကနေ ကင်းလွတ်အောင် ဒီလိုကြေအေးဖို့ သဘောတူခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။