တမြို့လုံးက ဆင်းရဲသားလို့ ထင်ထားသူက ကွယ်လွန်ချိန်မှာ မြို့အတွက် ကန်ဒေါ်လာ ၃.၈ သန်း လှူဒါန်းပေးခဲ့

Local News
တမြို့လုံးက ဆင်းရဲသားလို့ ထင်ထားသူက ကွယ်လွန်ချိန်မှာ မြို့အတွက် ကန်ဒေါ်လာ ၃.၈ သန်း လှူဒါန်းပေးခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တမြို့လုံးက ဆင်းရဲသားလို့ ထင်ထားသူက ကွယ်လွန်ချိန်မှာ မြို့အတွက် ကန်ဒေါ်လာ ၃.၈ သန်း လှူဒါန်းပေးခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တမြို့လုံးက ဆင်းရဲသားလို့ ထင်ထားသူက ကွယ်လွန်ချိန်မှာ မြို့အတွက် ကန်ဒေါ်လာ ၃.၈ သန်း လှူဒါန်းပေးခဲ့

ကိုယ်ပိုင်ကားမရှိသလို ဟောင်းနွမ်းစုတ်ပြတ်တဲ့ အဝတ်အစားတွေသာ ဝတ်လေ့ရှိလို့ တမြို့လုံးက ဆင်းရဲသားကြီးလို့ ထင်ကြတဲ့ အမျိုးသားတစ်ဦးဟာ သူ ကွယ်လွန်သွားချိန်မှာ မြို့အကျိုး သယ်ပိုးရေးအတွက် အမေရိကန်ဒေါ်လာ ၃.၈ သန်း လှူဒါန်းသွားခဲ့လို့ တမြို့လုံး အံ့အားသင့်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးဟမ်ရှိုင်းယားပြည်နယ် ဟင်းစဒဲလ်မြို့မှာ နေထိုင်သူ ဂေါ့ဖရေးဟော့ဟာ ရွေ့လျားအိမ်များ အိမ်ရာဝန်းကို စောင့်ကြပ်ရသူပါ။ ဂေါ့ဖရေးဟော့ဟာ မိန်းလမ်းမကြီးဘေးမှာ သတင်းစာ ဖတ်ရင်ဖတ်၊ မဖတ်ရင် လမ်းသွားလမ်းလာတွေကို ငေးမောနေ၊ ဒါမှမဟုတ်လည်း မြက်ရိတ်စက်နဲ့ မြက်လိုက် ရိတ်နေလေ့ ရှိပါတယ်။ သူဟာ ဟိုနား၊ ဒီနား သွားတဲ့အခါ စက်ဘီးပဲ စီးလေ့ရှိပြီး မြက်ရိတ်စက်ကိုလည်း ကားအဖြစ် သုံးတတ်ပါသေးတယ်။

သူ့အိမ်မှာ တီဗီ၊ ကွန်ပျူတာ အပါအဝင် ဇိမ်ခံအသုံးအဆောင်ပစ္စည်းတွေ လုံးဝမရှိပါဘူး။ ဒါကြောင့်လည်း တမြို့လုံးက သူ့ကို ဆင်းရဲသားလို့ ထင်ထားကြတာပါ။ အခုနှစ် အစောပိုင်းမှာ သူ ကွယ်လွန်သွားတော့မှ တမြို့လုံး အံ့အားသင့်ခဲ့ရတာပါ။ သူက သေတမ်းစာမှာ မြို့ခံလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေရေးနဲ့ ယဉ်ကျေးမှုရေးရာ တိုးတက်ကောင်းမွန်စေဖို့အတွက် ဒေါ်လာ ၃.၈ သန်း လှူဒါန်းပေးခဲ့တာပါ။

No photo description available.

ဂေါ့ဖရေးဟော့ရဲ့ အလှူငွေကို ထိန်းသိမ်းဖို့အတွက် နယူးဟမ်ရှိုင်းယားပရဟိတ ဖောင်ဒေးရှင်းမှာ အုပ်ထိန်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ သူ့ရဲ့အလှူငွေကို ဘဏ်မှာ အပ်ထားပြီး နှစ်စဉ်အတိုးငွေ ဒေါ်လာ ၁၅၀၀၀၀ ကို ထုတ်ယူသုံးစွဲသွားမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။