ဩစတြေးလျမှာ Krispy Kreme ဒိုးနပ်အပြည့်ပါတဲ့ ဗင်ကား အခိုးခံခဲ့ရ

International News
ဩစတြေးလျမှာ Krispy Kreme ဒိုးနပ်အပြည့်ပါတဲ့ ဗင်ကား အခိုးခံခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဩစတြေးလျမှာ Krispy Kreme ဒိုးနပ်အပြည့်ပါတဲ့ ဗင်ကား အခိုးခံခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဩစတြေးလျမှာ Krispy Kreme ဒိုးနပ်အပြည့်ပါတဲ့ ဗင်ကား အခိုးခံခဲ့ရ

ဒိုးနပ် အခု ၁၀၀၀၀ ပါတဲ့ Krispy Kreme ပို့ဆောင်ရေးဗင်ကားတစ်စီးဟာ ဩစတြေးလျနိုင်ငံ၊ Carlingford က စက်သုံးဆီအရောင်းဆိုင်တစ်ခုမှာ ကားအပြင်ထွက်ပြီးကားမောင်းသမားငွေပေးချေနေစဉ်အတွင်း အခိုးခံခဲ့ရပါတယ်။ ဗင်ကားက ခရစ္စမတ်ပုံစံပါတဲ့ ဒိုးနပ်မျိုးစုံကို နယူးကာဆယ်သို့ ပို့ဆောင်ဖို့သွားနေတာပါ။ ရဲတပ်ဖွဲ့က ကားသူခိုးကို ရှာဖွေနေပါတယ်။

“လက်ရှိမှာ ရဲတပ်ဖွဲ့က ဗင်ကားနဲ့ ခိုးသွားတဲ့သူခိုးကို ရှာဖွေနေပါတယ်။ ကားသမားက ဆီဆိုင်အတွင်း ရောက်နေတဲ့အချိန် သူခိုးက ဗင်ကားထဲ ခုန်ဝင်ခဲ့တယ်လို့ ယူဆရပါတယ်”လို့ Krispy Kreme က ထုတ်ပြချက်မှာ ဖော်ပြထားပါတယ်။ ဗင်ကားကို ခိုးယူတဲ့သူက အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဗင်ကားဆီ လာပြီး ခိုးယူမောင်းထွက်မသွားခင် ဓာတ်ဆီပန့်နားမှာ ရစ်သိရစ်သိလုပ်နေတဲ့ အမျိုးသမီးတစ်ဦးကို CCTV မှတ်တမ်းက ပြပါတယ်။ ဒိုးနပ်တစ်ခုကို ၄ ဒေါ်လာရှိပြီး ကားထဲပါလာတဲ့ ဒိုးနပ်တန်ဖိုးက ဒေါ်လာ ၄၀၀၀၀ ရှိပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။