သင်မသိသေးသော သင်၏ မွေးဂဏန်းအကြောင်း

Astrology
သင်မသိသေးသော သင်၏ မွေးဂဏန်းအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင်မသိသေးသော သင်၏ မွေးဂဏန်းအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင်မသိသေးသော သင်၏ မွေးဂဏန်းအကြောင်း

( ၁ ) ဂဏန်းသမားများအတွက် ။ မွေးဂဏန်း ( ၁ )ရရှိတဲ့သူတွေကတော့ မိမိတို့ မည်သည့်လမှာပဲ မွေးဖွားသည်ဖြစ်စေ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်နေ့များမှာ မွေးဖွားသောသူများသည် ( ၁ ) ဂဏန်းပိုင်ရှင်များဖြစ်ကြပါတယ် ။

( ၁ ) ဂဏန်းသမားတွေရဲ့ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်ကတော့ –

ဘာအလုပ်ပဲလုပ်နေပါစေ မိမိအလုပ်မှာ ကြံစည်ပြုလုပ်နေတတ်တဲ့သူ တီထွင်ဖန်တီးလုပ်ကိုင်တတ်သောသူ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသူ ယတိပြတ်ဆုံးဖြတ်ပြီးလျှင် ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ မိမိအလုပ်မှာ မှားမှားမှန်မှန် နောက်တွန့်ခြင်းမရှိပဲ ခေါင်းမာပြီး ခိုင်မြဲစွာလုပ်ကိုင်တတ်သူတွေဖြစ်ပါတယ် ။ ရည်မှန်းချက် ရည်ရွယ်ချက် မြင့်မားပြီး ချုပ်ချယ်ခြင်းကို မနှစ်သက်ကြတဲ့သူတွေပဲဖြစ်ပါတယ် ။ ဘယ်လိုအသက်မွေးဝမ်းကြောင်းသည့် အလုပ်ကိုပဲလုပ်သည်ဖြစ်စေ တိုးတက်ဖြစ်ထွန်း၏ ။

ဦးစီးခေါင်းဆောင်အဖြစ် လုပ်ကိုင်လိုသော သဘောဆန္ဒရှိတတ်ကြတယ် ။ အကြီးအကဲအဖြစ်လုပ်ကိုင်ရသော် မလျှော်ဩဇာမသုံးတတ်ကြပေ ။ စည်းကမ်းပိုင်းဆိုင်ရာ စောင့်ထိန်းသင့်သည့် ဝတ္တရားများကို လေးစားစွာစောင့်ထိန်းတတ်ကြ၏ ။မိမိ၏ လက်အောက်ငယ်သားများ လူအများ လေးစားချစ်ခင်အောင်ပြုမူနေထိုင်တတ်ကြပါတယ် ။

July 21 ရက် မှ August 20ရက်အတွင်းနှင့် March 21 ရက်မှ April 20ရက်အတွင်း မွေးဖွားသူများဟာ အထက်ပါ အကျင့်စရိုက်နှင့် ပိုမိုကိုက်ညီပေလိမ့်မည် ။

မိမိတို့သည် အရေးကြီးသော လုပ်ငန်းများ ၊ အကြံအစည်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် 1 – 10 – 19 – 28 ရက်များတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သင့်ပေသည် ။

July 21 ရက်မှ August 20ရက်အတွင်း နှင့် March 20 ရက်မှ April 21ရက်အတွင်း ကျရောက်မည်ဆိုလျှင် အကြံအစည်များပြုလုပ်ရန် အကောင်းဆုံး အသင့်လျော်ဆုံးကာလဖြစ်ပေသည် ။

ကံအခွင့်အလမ်းသင့်သည့်နေ့သည် Sunday နှင့် Monday ြဖစ်ပေရာ 1-2-4-7 ရရှိသောရက်များနှင့် တိုက်ဆိုင်နေပါက လုပ်ကိုင်ဆောင်ရွက်ရန် ပိုမိုကောင်းမွန်ပေသည် ။

ဆောင်ရန်နှင့်ရှောင်ရန်တွေကတော့ ရွှေရောင် ၊ မိုးကြိုးရောင် ၊ အဝါရောင်တို့ကို ဆောင်ပါ ။ Black Colour အနက်ရောင် လုံးဝ ဝတ်ဆင်ခြင်း ဆောင်ထားခြင်း မပြုလုပ်ရပေ ။ အညိုရောင် အနု အရင့် နှင့် အဝါရောင်သမ်းသည့် အရောင်ဟူသရွေ့ နှင့် အနိမ့်ဆုံး အထက်ပါအရောင် အချို့တစ်ဝက် အရောင်များပါသည့် အဝတ်အစားများ ၊ အခန်းဆေးသုတ်ခြင်း ၊ ခန်းစီးလိုက်ကာတပ်ခြင်းအစရှိသည်ဖြင့်ပြုလုပ်သင့်ပေသည် ။ ထိုအရောင်များသည် မိမိတို့ စိတ်အာရုံကြောများကို ရွှင်လန်းကောင်းမွန်စေပေလိမ့်မည် ။

အဆောင်ရတနာအနေနဲ့ကတော့ ဥဿဖယား ၊ ပယင်း ၊ အဝါရောင်ပြေးသည့်စိန်နှင့် ဤရတနာများနှင့် အရောင်အသွေးတူသည့် ရတနာများကိုဆောင်ရမည် ။
ထိုရတနာများကို ဆောင်ခြင်းဖြင့် ကံအခွင့်အလမ်းကို ပွင့်စေပါသည် ။

1 ဂဏန်းသမားများရဲ့ အိမ်ထောင်ဘက်ဟာ 1ဂဏန်းသမားအချင်းချင်းဖြစ်ကြသူများနှင့်သော်လည်းကောင်း ၊ ထို့အပြင် 2/4/7 ဂဏန်းသမားများနှင့်လည်း မိတ်ဖက်ကျပါသည် ။

ကျန်းမာရေးကတော့ နှလုံးတုန် မူးမော်ခြင်း ၊ သွေးလေလျှောက်မှူ့ မမှန်ကန်ခြင်း ၊ သွေးတိုးရောဂါ ၊ မျက်စိ ဥပါဒ်ဖြစ်ခြင်း ၊ မျက်စိ မျက်ရိုး ဦးခေါင်း မူးဝေကိုက်ခဲခြင်းများဖြစ်တတ်ပါတယ် ။
မှီဝဲရန်ကတော့ — ဂျင်း ၊ ကတိုး ၊ နနွင်း ၊ လေးညှင်း ၊ ဇာဒိပ္ဖိုလ်သီး ၊ ဘာလီရည်တို့ဖြစ်ပြီး တတ်နိုင်သလောက် ပျားရည်ကို မှီဝဲသုံးစွဲသင့်ပါတယ် ။

သတိထားရမည့် နှစ်အပိုင်းအခြားများကတော့ အသက် 19နှစ် ၊ 28 နှစ် ၊ 37နှစ် ၊ 55နှစ်များတွင် တစ်နည်းမဟုတ်တစ်နည်း ကျန်းမာရေးထိခိုက်တတ်ပါတယ် ။
နာမကျန်းဖြစ်ခြင်း အလုပ်ဒဏ်ပိခြင်းကို October , December , January လများဖြစ်ပေသည် ။

ထီအကျိုးပေး အက္ခရာနှင့် ဂဏန်းကတော့ —
A , I , J , Q , Y
1 , 2 , 4 , 7

ရေးသားသူ – မဇ္ဈိမ ဦးဆန်းမင်း ဝိဇ္ဇာနည်းကျ နိယာမဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။