ကျေးမင်းလာဘ်ခေါ်ဂါထာတော်

Astrology
ကျေးမင်းလာဘ်ခေါ်ဂါထာတော်

အဂ္ဂေါ ဗုဒ္ဓေါ အဂ္ဂေါ ဓမ္မော
အဂ္ဂေါ သံဃော အနုတ္တရော ။
အဂ္ဂေါ စ ဝိပါကောဟောတိ
ယံယံဣစ်ဆာ သမိဇ်စုတု ။

ဤ ကျေးမင်း လာဘ်ခေါ် ဂါထာကြီး သည် အလွန် အစွမ်းထက် မြက် သော ဂါထာတော်ကြီး ဖြစ် ပါသည် ။လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာ နီးပါးခန့် အနောက်ဘက် သာလွန်မင်းတရားလက်ထက် ဗားမဲ့ဆရာတော် ကြီး တို့ အသုံးပြု့ သွားသော ဂါ ထာတော်ကြီးဖြစ်ပါ သည် ။ ပုံမှန်အားဖြင့် နံနက် ၆နာရီ မှ ၁၀နာရီအတွင်း ရွတ်ဖတ် ပေး ရပါ မည် ။

နေ့ စဉ် အနည်း ဆုံး ၁၅ ခေါက် မှ ၁၀၈ ခေါက် တိတိရွတ် ပေး နိုင် ပါ သည် ။အကျိူးကျေးဇူး မှာ အနန္တ ပင် ဖြစ်သည် ။နေ့စဉ်ညစဉ်စားရေးသောက်ရေးနေရေးထိုင်ရေး
ကျန်းမာရေး စီးပွား အလုပ်အကိုင်ဝင်ငွေ မှစ၍ တိုးတက် စည်ကား လာစေ သည်။

အထူးစီရင်ပုံမှာ

မိမိ အိမ်ရှေ့တွင်ဖြစ်စေ မျက်နှာစာတွင်ဖြစ်စေကံကော်သား (သို့) မန်ကျည်းသား နှင့် စင် တခု့ လုပ်ထား ရပါ မည် ။အနေတော် ဖြစ် လျှင်ရပါသည် ။
ထမင်းဖြူ (၅) ဆုပ် ကို လက်တွင် ကိုင်၍ ဤ ကျေးမင်းလာဘ်ခေါ် ဂါထာ ကြီး ကို အနည်းဆုံး (၁၅) ခေါက်အများဆုံး (၂၅) ခေါက်ရွတ် ၍ ထိုထမင်းဖြူ (၅) ဆုပ်ကို စင်ပေါ် တွင် တင်ထားရပါ မည် ။

များမကြာမီ ကျီးကန်း များ ကျေး ငှက်များ လာရောက်ဝိုင်းအုံ စားသောက် ခြင်း
ကိုက်ချီ ခြင်း ပြု့လုပ်ပါလိမ့်မည်။ ကိုက်ချီ ၍ အဝေးတနေရာ အဝေး ရပ် သို့
ပျံ သန်းသွား သည်လည်း ရှိပါလိမ့်မည် ။ကျေး ငှက် များ ပျံသန်းသွားသော အရပ် ကို ကြည့်နေပါ။

အရှေ့အရပ်သို့ပျံသန်းသွားလျှင်ထိုအရှေ့အရပ်မှ ငွေကြေးဝတ္တူများ ရောက်လာတက်သည်။ကျေးငှက်များပျံသန်း ရာ အရပ် မှ ငွေကြေးလာဘ်လာဘများ
ဝင်လာစေတက်သည်ဟု့ အဆိုရှိပါသည် ။

ဤနည်း အတိုင်း ထမင်း ဖြူ (၅)ဆုပ်ကို ဤ ကျေးမင်းလာဘ်ခေါ်ဂါထာဖြင့် ရွတ်ဖတ် ဆောင်ရွက်နိုင်ပါသည်။ဤနည်းသည် ရှေးခောတ် ဗားမဲ့ဆရာတော်ကြီး ၏နည်း နိဿယ ဖြစ်ပါသည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။