ဂါဇာမှာ အပစ်ရပ်ရေး ဖြစ်နိုင်ခြေနည်းလာနေတယ်လို့ ကာတာပြော

International News
ဂါဇာမှာ အပစ်ရပ်ရေး ဖြစ်နိုင်ခြေနည်းလာနေတယ်လို့ ကာတာပြော

ဂါဇာတောင်ပိုင်းက အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခမှာ အစ္စရေးရဲ့ စီးနင်းမှုအတွင်း ခန်ယွန်းနစ်မြို့မှာရှိတဲ့ နာဆာ ဆေးရုံမှာ thayဆုံးသွားသူတွေရဲ့ စျာပနကို တက်ရောက်ချိန် ငိုကြွေးနေတဲ့ ပါလက်စတိုင်း ကလေးငယ်တစ်ဦး

ဂါဇာတောင်ပိုင်းက ခန်ယွန်းနစ်မြို့ကို အစ္စရေးတပ်ဖွဲ့တွေ အဓိက အာရုံထားနေ

ဂါဇာကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေးအသစ်တစ်ခုပေါ်လာမယ့် ‘‘အခွင့်အလမ်း နည်းနေပြီ’’ လို့ ကာတာနိုင်ငံဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဒိုဟာ ဖိုရမ်မှာ မိန့်ခွန်းပြောရင်း ကာတာဝန်ကြီးချုပ် ရှိတ်ခ် မဟာမက် ဘင် အက်ဘ်ဒူရာဟမ် အယ်လ်သာနီ က အပစ်အခတ်ရပ်စဲမှုဖြစ်အောင် ကာတာဘက်က နှစ်ဖက်စလုံးကို ဖိအားပေးသွားမယ်လို့ ပြောပါတယ်။

ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ကာတာဟာ ဓားစာခံတွေပြန်လွှတ်တဲ့အထိဖြစ်ခဲ့တဲ့ တစ်ပတ်ကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပေါ်ပေါက်လာအောင် ညှိနှိုင်းရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကတော့ ‘‘စစ်ပွဲက အင်ပြည့်အားပြည့်ဖြစ်နေပြီ’’လို့ တနင်္ဂနွေ နေ့မှာပဲ ပြောထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း ‘‘ဒါဇင်နဲ့ချီတဲ့ဟားမတ်စ်အကြမ်းဖက်သမားတွေ’’ အညံ့ခံခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပြီး ‘‘သူတို့lat nat တွေချခဲ့ကြပြီး ကျွန်တော်တို့ရဲ့ သူရဲကောင်းတိုက်ခိုက်ရေးသမားတွေဆီ လွှဲ ပြောင်းပေးခဲ့ကြတယ်’’ လို့ ပြောပါတယ်။

‘‘ဒါဟာ ဟားမတ်စ်အဖွဲ့အဆုံးသတ်ဖို့ ကနဦး အစဖြစ်ပါတယ်’’ လို့လည်း သူက‌ ပြောပါတယ်။

ဂါဇာမှာ လူသားချင်းစာနာမှုအကျပ်အတည်း ပိုဆိုးရွားလာနေချိန်မှာ ဝန်ကြီးချုပ်ရဲ့ အခုလို မှတ်ချက် ထွက်ပေါ်လာတာပါ။

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတုန်းကတော့ ဟားမတ်စ်အဖွဲ့ စီမံတဲ့ ဂါဇာက ကျန်းမာရေးအဖွဲ့က thetဖြတ်ခံရသူ ပါလက်စတိုင်းအရေအတွက် ၁၈,၀၀၀ ဦးအထိ ရှိသွားပြီလို့ပြောပါတယ်။

အယ်လ်ဂျာစီးယား သတင်းဌာနကို ပေးပို့တဲ့ အသံ မက်ဆေ့မှာတော့ ဟားမတ်စ် lat nat ကိုင် တပ်ဖွဲ့ဟာ ယာယီအပစ်အခတ်ရပ်သဲမှုဟာ ‘‘ယုံကြည်နိုင်တယ်ဆိုတဲ့အခြေအနေကို သက်သေပြခဲ့ပြီးဖြစ်တယ်’’ လို့ပြောပြီး အစ္စရေးဘက်က ဆွေးနွေးလာတာ မလုပ်မချင်း နောက်ထပ် ဓားစာခံတွေကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဒီမက်ဆေ့မှာတော့ ပြောခွင့်ရသူ အဘူ အဘီဒါက ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ စစ်ဘက်သုံးယာဥ် ၁၈၀ ကို ဖျက်ဆီးခဲ့ပြီး အစ္စရေးစစ်သား ‘‘အရေအတွက်တော်တော်များများ’’ ကိုလည်း thetဖြတ်ခဲ့သလို ဒါဟာ အစ္စရေးစစ်တပ်အတွက် ထိုးနှက်မှုဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ ဂါဇာကမ်းမြောင်က ခန်ယွန်းနစ် မြို့မှာ အစ္စရေးနဲ့ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်တို့ရဲ့ ပဋိပက္ခအတွင်း အစ္စ‌ရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ် အပျက်အစီးတွေကို ပါလက်စတိုင်းတွေ လိုက်လံကြည့်ရှုနေတာြဖစ်ပါတယ်။

ခန်ယွန်းနစ်မြို့လယ်ကနေ ရွှေ့ပြောင်းကြဖို့ အရပ်သားတွေကို တိုက်တွန်းထား

ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ UNRWA ရဲ့ အကြီးအကဲ ဖီလစ်ပီ လာဇာရီနီကတော့ ဂါဇာမှာဖြစ်နေတာဟာ ‘‘ကမ္ဘာပေါ်က ငရဲ’’ဖြစ်ပြီး ‘‘မြင်ဖူးသမျှ အဆိုးရွားဆုံးအခြေအနေဖြစ်တယ်’’ လို့ ဒိုဟာမှာရှိတဲ့ညီလာခံမှာပြောပါတယ်။

အဲဒီညီလာခံမှာပဲ ပါလက်စတိုင်း ဝန်ကြီးချုပ် မဟာမက် ရှတာယက်က အစ္စရေးကို ‘‘နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ဆက်ပြီး ချိုးဖောက်နေတာမျိုး ခွင့်မပြုသင့်ဘူး’’ လို့ပြောပြီး နိုင်ငံတကာပိတ်ဆို့မှုတွေပြုလုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မစ္စတာ ရှတာယက်ဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ကိုယ်စားပြုပြီး အနောက်ဘက်ကမ်းမှာ စီမံလည်ပတ်ကာ ဂါဇာမှာလည်ပတ်နေတဲ့ဟားမတ်အစိုးရနဲ့လည်း သီးခြားစီဖြစ်ပါတယ်။

ဒိုဟာမှာ ဆွေးနွေးပွဲဖြစ်နေချိန်မှာပဲ ဂါဇာတောင်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

လူထုကို ဘေးလွတ်ကင်းရာ မြောက်ပိုင်းဆီ တိမ်းရှောင်ခိုင်းထားတဲ့ ခန်ယွန်းနစ်မြို့မှာဆိုရင် အကြီးအကျယ်ဗုံးကြဲမှုတွေဖြစ်နေပါတယ်။

အစ္စရေးအကြီးတန်းအကြံပေး မာ့ခ် ရီဂျက်ဗ်ကတော့ ခန်ယွန်းနစ်မြို့မှာ ‘‘ခက်ခဲတဲ့တိုက်ခိုက်မှု’’ ရှိနေခဲ့တာကြောင့် အရပ်သားတွေကို ‘‘ဘေးကင်းတဲ့ဇုန်တွေကို ရွှေ့ဖို့’’ တိုက်တွန်းတာလို့ ဘီဘီစီကို ပြောပါတယ်။ ခန်ယွန်းနစ်မြို့လယ်ကိုတော့ အစ္စရေး တင့်ကားတွေကို တနင်္ဂနွေနေ့ ညနေခင်းမှာ ရောက်နေပါတယ်။

ဓာတ်ပုံတွေမှာတော့ အရပ်သားတွေဟာ တိုက်ပွဲအတွင်း thayဆုံးတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းပူဆွေးနေတာနဲ့ အလောင်းတွေကို လိုက်လံကောက်ယူနေတာတွေ တွေ့ရပါတယ်။

အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံချိန်မှာတော့ နိုင်ငံတကာမဟာမိတ်အဖွဲ့တွေဟာ ရပ်တည်ချက် တသမတ်တည်းမဖြစ်နေဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ဘန်ဂျမင် နေတန်ညာဟုက ‌ပြောပါတယ်။

အစ္စရေးကပြောနေတဲ့ ဘေးကင်းတဲ့နေရာတွေ အခြေအနေကို မေးတဲ့အခါမှာတော့ သူက အစ္စရေးဟာ အရပ်သားတွေရဲ့အသက်ကို လုံခြုံအောင်လုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဂါဇာမှာရှိတဲ့အရပ်သားတွေကို အစောပိုင်းဟာ အယ်လ် မာဝါစီမှာရှိတဲ့ ‘‘ဘေးကင်းဇုန်’’ တစ်ခုဆီ သွားကြဖို့ အရင်က တိုက်တွန်း ထုတ်ပြန်ဖူးပါတယ်။ ၃.၃ မိုင် ပတ်လည်နီးပါးကျယ်တဲ့ အဲဒီလေဆိပ်က လန်ဒန်မြို့က ဟီးသရိုးလေဆိပ်ထက် ကျဥ်းပြီး အဆောက်အအုံ အနည်းငယ်၊ သဲတောင်ပို့တွေနဲ့ စိုက်ပျိုးမြေဖြစ်ပါတယ်။

ဒီအ‌တောအတွင်းမှာပဲ အစ္စရေးဟာ နိုင်ငံတကာ သံခင်းတမန်ခင်းမှာ ထိတွေ့ ဆက်ဆံနေပြီး မဟာမိတ်တွေကို ရပ်တည်မှုခိုင်မာဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

‘‘တစ်ဖက်မှာ ဟားမတ်စ်အဖွဲ့အမြစ်ဖြတ်ရေး ‌ထောက်ပံ့နေပြီး နောက်တစ်ဖက်မှာ ဟားမတ်စ်အဖွဲ့ကို အမြစ်ဖြတ်ရေးကို ဟန့်တားတဲ့ စစ်ပွဲရပ်ရေး ကျွန်တော်တို့ကို ဖိအားပေးတာ လုပ်လို့ မရဘူးလေ’’ လို့ မစ္စတာ နေတန်ညာဟုက သူ့အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် ပြောထားပါတယ်။

အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံပြီး ၂ ရက်အကြာမှာ ဝန်ကြီးချုပ်က အခုလိုပြောလာတာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သလို ဗြိတိန်နိုင်ငံကတော့ မဲမပေးဘဲနေခဲ့ပါတယ်။

အစ္စရေး မီဒီယာတွေမှာ အရင်တုန်းက သတင်းဖော်ပြဖူးတဲ့ ဂါဇာဒေသခံတွေကို အစ္စရေးက အီဂျစ်နိုင်ငံထဲသွားအောင် တွန်းပို့နေတယ်ဆိုတဲ့ UNRWA အဖွဲ့အကြီးအကဲရဲ့ပြောဆိုချက်ကိုတော့ အစ္စရေးဘက်က ငြင်းဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကလည်း ပုံမှန်မဟုတ်တဲ့အားထုတ်ကြိုးပမ်းမှုတစ်ခုအနေနဲ့ ဂါဇာကို ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်းဝင်ရောက်နိုင်ရေး တောင်းဆိုတဲ့ဆုံးဖြတ်ချက်တစ် ရပ်ကို အတည်ပြုထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။