ကြယ်မိုးအများဆုံး ရွာမယ့် ဒီဇင်ဘာ ၁၄ရက်နေ့ ည

Local News
ကြယ်မိုးအများဆုံး ရွာမယ့် ဒီဇင်ဘာ ၁၄ရက်နေ့ ည

ဒီနှစ်အတွက် Geminids Meteor Shower အများဆုံးကျဆင်းတာကို မြင်ရမယ့် ရက် က တော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည သန်းခေါင် က နေ ၁၅ ရက်နေ့ မိုးမလင်းခင်အချိန်ထိဖြစ်ပါတယ်။ Timezone မတူတဲ့ နိုင်ငံအလိုက် ဒီ Peak Time ခေါ် အများဆုံးကျဆင်းချိန် ဟာ အနည်းငယ်စီ ကွာခြားပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ အိန္ဒိယနိုင်ငံ အစရှိတဲ့ အိမ်နီးနားချင်းနိုင်ငံ တွေမှာတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ ည သန်းခေါင် အချိန် ဟာ Peak Time ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့အနီးဆုံး ဖြစ်ပြီး နက္ခတ္တဗေဒ ဆိုင်ရာ တက္ကသိုလ် ရှိတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညမှာ Geminids Meteor Shower ကို ကြည့်ရှုဖို့ Star Party တွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတာကိုလဲ တွေ့ရပါတယ်။ ကျွန်တော်တို့ MASES အနေဖြင့်လဲ ရှမ်းပြည်နယ်တောင် ပိုင်း ကလောမြို့အနီး မှာ အာကာသ ဝါသနာရှင်တွေ စုပေါင်းပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ ညမှာ Star Party ပြုလုပ်ဖို့ ပြင်ဆင်ထားရှိပါတယ်။ စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေ လာရောက်လိုပါက ကျွန်တော်တို့ Page ကို လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဒီ ကြယ်မိုး က တော့ 3200 Phaethon လို့ အမည်ရတဲ့ ဥက္ကာပျံ က နေ ကျန်ရစ်ခဲ့ တဲ့ အပိုင်းအစ လေးတွေ ကြောင့် ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။ 3200 Paethon ဟာ ၁.၄ နှစ် မှာ တစ်ကြိမ် နေကို လှည့်ပတ်နေတာဖြစ်ပါတယ်။ Geminids Meteor Shower ကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည သန်းခေါင် က နေ ၁၅ ရက်နေ့ မနက် အာရုံမတက်ခင် ထိ အများဆုံး မြင်ရမှာဖြစ်ပြီး တစ်နာရီ ကို ကြယ်မိုးပေါင်း ၁၅၀ လောက်ထိ မြင်ရမှာဖြစ်ပါတယ်။

ဒီနေ့ည ဒီဇင်ဘာ ၁၃ ရက်နေ့မှာ လဲ အများဆုံးကျဆင်းတဲ့အချိန်မဟုတ်သေးပေမယ့်လဲ မြင်ရမှာဖြစ်ပြီး ဒီနှစ် Geminids ကြယ်မိုးရွာတဲ့ ရက်ဟာ လကွယ်နေ့ နဲ့နီးကပ်နေတာကြောင့် လ ရဲ့ အလင်းရောင် နှောင့်ယှက်မှု မရှိသလောက်နည်းပါးပြီး တောက်ပတဲ့ ကြယ်မိုး အရေအတွက် များစွာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ကြယ်မိုးရွာ တယ်ဆိုတာ အာကာသ ထဲရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေတဲ့ ကြယ်တံခွန်တွေ ၊ ဥက္ကာပျံ တွေရဲ့ လမ်းကြောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲ အမှုန်အမွှား တွေ က ကမ္ဘာ က နေကို ပတ်နေတဲ့ လမ်းကြောင်း ထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။

Geminids Meteor Shower ကို ကြည့် ရှုမယ်ဆိုပါ က အလင်းရောင် နည်းပါးတဲ့ နေရာ ကနေ အရှေ့ဖက် ကောင်း ကင် ကို စောင့်ကြည့်နိုင်ပါတယ်။ ဆောင်းရာသီ ဖြစ်တာကြောင့် နွေးနွေးထွေးထွေး ဝတ်ပြီး ကြည့်ဖို့လဲ အကြံပြုလိုပါတယ်။

ရေးသားသူ –MASES – Myanmar Astronomy & Science Enthusiasts Society

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။