ငွေကံ ပျက်သော်

Astrology
ငွေကံ ပျက်သော်

သူများဆီက ယူထားတဲ့ ငွေ ပြန်ဆပ်ချင်သူတွေ အတွက်ပါ တချို့ မပြေလည်လို့. သူများဆီက. အကြွေး ယူမပြေလည်တော့ပြန်မဆပ်နိူင် ရှာကြဘူး

ဒီလို ပြန်ဆပ်ချင်တဲ့စိတ်ဓာက် ရှိတာကိုက. အင်မတန် လေးစားစရာ ကောင်းတယ်
သူများဆီက. ငွေယူပြီ ပြန်ဆပိချင်တဲ့ စိတ်ဓာက် ရှိသူတွေလည် ရှိတယ်
သူတို့ခမျာ မပြေလည်လွန် လို့သာ ငြိမ်နေရှာ ကြတာ
ငွေ ရှာလို့. ရလာပြန်တော့လည် မိသားစု စားဝတ်နေရေး တာဝန်ကြီးကြောင့် ထင်သလောက် ပြန် မဆပ်နိုင်ရှာကြဘူး

တချို့. လူတွေ ဆို အဲဒီ အကြွေး ပြန်မဆပ် နိူင်တဲ့စိတ်ကြောင့် ညဆို အိပ်တောင် မပျော်ရှာကြဘူးတချို့ကျ တကယ့် ငွေရှာလို့. အဆင်မပြေလို့သာသူများ အကြွေး ပြန်ပေးချင်စိတ် ဆပ်ချင်စိတ် ရှိတာကိုက. လေးစားစရာ ကောင်းတယ်

တချို့သူများ အကြွေးယူထာပြီး မသိချင်ရောင် ဆောင်
နေသူတွေ ရှိတယ် လိုတုန်းက. ယူပြီး ပြန်ပေးရမယ့် အလှည့်ရောက်တော့
မသိချင်ဆောင်နေသူတွေ တချို့ဆို. မူလပေးထား သူပင် ပြန်မတောင်း ရဲအောင်
ရန်လုပ် လွှတ်သူတွေ တောင် ရှိတယ်

တချို့ဆို ပြန်ပေး ချင်စိတ် မရှိတော့ မေ့ချင်ယောင် ဆောင်နေကြတယ်
သူများ အကြွေးယူပြီ ပြန်ဆပ်ချင် စိတ်ရှိသူတွေ အတွက် လုပ်ဆောင် ရမည့် ယတြာ ပြောပြမယ်ဒီလို အကြွေး ငွေ ပြန်မဆပ်နိူင်တာ ငွေကံ ပျက်နေလို့ငွေကံ ပျက်တာ အင်္ဂါ ဗုဒ္ဓဟူး သက်ရောက်တွေ မှာ ဖြစ်လေ့ ရှိတယ် စနေသက်ရောက်တွေ မှာ ဖြစ်လေ့ ရှိတယ်

တနင်္ဂနွေ သားသမီးတွေဆို ၂၇. ၂၈. ၃၅. ၃၆. ၄၃. ၄၄. ၅၁. ၅၂. ၅၉. ၆၀

တနင်္လာသားသမီးတွေဆို ၂၆. ၂၇. ၃၄. ၃၅. ၄၂. ၄၃. ၅၀. ၅၁.

အင်္ဂါသားသမီးတွေ ဆို ၂၅. ၂၆. ၃၃. ၃၄. ၄၁. ၄၂. ၄၄. ၄၉. ၅၀. ၅၂.

ဗုဒ္ဓဟူး ၂၄. ၂၅. ၂၇. ၃၂. ၃၃. ၃၅. ၄၀. ၄၁. ၄၃ .၄၈. ၄၉. ၅၀.

ကြာသပတေး သားသမီး ၃၀. ၃၁. ၃၃. ၃၈. ၃၉. ၄၁. ၄၆. ၄၇. ၄၉. ၅၄.

သောကြာသားသမီး တွေဆို ၂၈. ၂၉. ၃၁. ၃၆. ၃၇. ၃၉. ၄၄. ၄၅. ၄၇. ၅၂. ၅၃

စနေသားသမီး ၃၁. ၃၂. ၃၄. ၃၉. ၄၀. ၄၂. ၄၇. ၄၈. ၅၀.

အဲဒီ သက်ရောက် တစ်ခုခု မှာငွေကြွေး ဒုက္ခရောက်လေ့ ရှိတယ်

အဲလို ငွေ ကံ ပျက်နေပြီဆိုရင်

ငါးစာ ကြွေးရမယ်
ခွေးစာ ကြွေးရမယ်
ငှက်စာ ကြွေးရမယ်
ဒါက. ငွေ ကံလာအောင် ပြုလုပ်တာ ငွေကံ ပျက်တာက. အမျိုးမျိုးရှိတယ် တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့

နောက် ဘုရားရင်ပြင်မှာ တနင်္လာ ဒေါင့်ကနေ. ဖယောင်းတိုင် အမွေးတိုင် လှူ တံမျက်စည်း ဆိုလည်း တနင်္လာ အရှေ့ဒေါင့်ကနေ စလှည်း
လမ်းမှာ တွေ့တဲ့ ခါးမကောင်းသူ ခြေမကောင်းသူတွေတက်အား သမျှလှူ ကလေးတွေ နေမကောင်းတာ တွေ့ရင် တက်အားသမျှ ကူညီအားလပ် သူတွေ အတွက်ကတော့ ငွေ ကံ ပွင့်ချိန်တွေ ရွေးလှူ

တနင်္ဂနွေနေ့. ၁ ခွဲ ၃ နာရီကြား
တနင်္လာနေ့. မနက် ၉ နာရီ ၁၀ ခွဲ
အင်္ဂါနေ့. ၃ နာရီ ၄ခွဲ
ဗုဒ္ဓဟူးနေ့. ၁၀ခွဲ ၁၂ကြား
ကြာသပတေး မနက် ၆နာရီ၇ခွဲ
သောကြာ ၁၂နာရီ ၁ခွဲ
စနေ. နေ့. ၇ခှဲ ၉နာရီ

အဲ ဒီနေ့နှင့် အထက်ပါ အချိန် တွေမှာ လှူနိူင်တယ်
အညွန့် ပန်းတွေ ဆို ကြံပန်းခိုင် ကံကော် ဂန္ဓမာ
စတဲ့ တနင်္လာ နံ အညွန့်တွေ လှူ
အစားစာ ဆို ကြာဇံကြော် ခေါက်ဆွဲ ကော်ဖီ
ကိတ်မုန့်. ကောက်ညှင်းပေါင်း ကျောက်ကြော
စသည် အစား စာတွေ , တနင်္လာနံ က စပြီး ဂြိုဟ်၈ ခွင့် လှည့် လှူနိူင်တယ်

အထက်ပါ နည်းများ အတိုင်း လုပ်ခြင်းဖြင့် သင့်ငွေ ကံ
ပျက်နေရာက. ဓာတ်ထိပြီး ငွေကံ ကောင်းလာပါလိမ့်
မယ်ဗျာငွေ ကံပျက်ခြင်း ကင်းဝေးကြပါစေ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။