နယ်သာလန်မှာ ဆေးခြောက်ရောင်းဖို့ စမ်းသပ်

International News
နယ်သာလန်မှာ ဆေးခြောက်ရောင်းဖို့ စမ်းသပ်

ဘရီဒါနဲ့ တီးလ်ဘဂ်မြို့ နှစ်မြို့မှာ လေးနှစ် စမ်းသပ်မယ်

နယ်သာလန်မှာ ဆေးခြောက် စိုက်ပျိုး ရောင်းချမှုကို ရာဇဝတ်မှုအဖြစ်က ပယ်ဖျက်ဖို့ စပြီး စမ်းသပ်နေပါပြီ။

ဘရီဒါနဲ့ တီးလ်ဘဂ်မြို့ နှစ်မြို့မှာ လေးနှစ် စမ်းသပ်မှာ ဖြစ်ပါတယ်။

ဆေးခြောက်သုံးစွဲမှုကို နယ်သာလန်မှာ ခွင့်ပြုထားတာ ကြာပါပြီ။

ဆေးခြောက် ရောင်းချမှုကို မသိကျိုးကျွံပြုထားပေမယ့် ခုထိ တရားမဝင် ဖြစ်နေပါသေးတယ်။

စမ်းသပ်မှုအနေနဲ့ စိုက်ခင်းအနည်းငယ်ကိုပဲ ကန့်သတ်ထားပြီး ကော်ဖီဆိုင်တွေကို မပို့ခင် ဆေးခြောက်ပင်တွေကို သေချာလေ့လာစစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်က ဆေးခြောက်ရောင်းသူတွေကို နှိမ်နင်းပြီး အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ ထုတ်ကုန်တွေကို သုံးစွဲသူတွေဆီ ပေးဖို့ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။