မွေးကင်းစကလေးကို ဘွဲ့ဝတ်စုံအတွင်း ထည့်ပြီး ‌ခေါ်ဆောင်ကာ ဘွဲ့ယူဖြစ်ခဲ့တဲ့ ကောလိပ်ကျောင်းသူ

International News
မွေးကင်းစကလေးကို ဘွဲ့ဝတ်စုံအတွင်း ထည့်ပြီး ‌ခေါ်ဆောင်ကာ ဘွဲ့ယူဖြစ်ခဲ့တဲ့ ကောလိပ်ကျောင်းသူ

ကောလိပ်ကျောင်းသူတစ်ဦးက ဒီပလိုမာဘွဲ့မယူခင် တစ်ပတ်အလိုမှာ သမီးလေးမွေးဖွားခဲ့ပါတယ်။ ဂရေး ရှင်းရှခ်ဆိုတဲ့ အဲ့ဒီကျောင်းသူက Ferris State University မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကျ ဘွဲ့ယူပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကလေးမီးဖွားဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ကလေးလေးက စောစီးစွာ မွေးဖွားလာခဲ့ပါတယ်။

ကလေးကို ဒီဇင်ဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၀ ရက်နီးပါးအကြာမှာတော့ သူ့ရဲ့ကလေးလေးကို သူ့ရဲ့ဘွဲ့ဝတ်စုံအတွင်း ထည့်ပြီးခေါ်ဆောင်ကာ ဘွဲ့ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဒီဘွဲ့ရဖို့ အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရတာကြောင့် ကိုယ်တိုင်ဘွဲ့ယူဖို့ သူ့အတွက် အရေးကြီးခဲ့တာပါ။ သူ့ခင်ပွန်းနဲ့မိသားစုတွေရဲ့ပံ့ပိုးမှုနဲ့ ဘွဲ့ယူဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး ကလေးကိုလည်း အခြားသူတွေနဲ့မထားခဲ့ချင်တာကြောင့် အခုလိုခေါ်ဆောင်လာခဲ့တာပါ။

သူ့ကလေးက အေးအေးဆေးဆေးငြိမ်ငြိမ်လေးပဲ၊ တစ်ချိန်လုံးအိပ်ပျော်နေခဲ့ပြီး ဘာအနှောင့်အယှက်မှမရှိခဲ့ဘူးလို့ ဂရေးက ပြောပါတယ်။ သူ့ရဲ့ဇာတ်လမ်းက အခြားမိဘတွေ (အထူးသဖြင့် ကောလိပ်ဘွဲ့ယူချင်တဲ့ မိခင်တွေ) ကို လှုံ့ဆော်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်တဲ့။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။