ကမ္ဘာ့အကျည်းတန်ဆုံး လျှပ်စစ်ကားလို့ ဝေဖန်ခံနေရတဲ့ ရုရှားနိုင်ငံထုတ် လျှပ်စစ်ကား

International News Tech
ကမ္ဘာ့အကျည်းတန်ဆုံး လျှပ်စစ်ကားလို့ ဝေဖန်ခံနေရတဲ့ ရုရှားနိုင်ငံထုတ် လျှပ်စစ်ကား

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ လျှပ်စစ်ကားဟာ ကမ္ဘာ့အကျည်းတန်ဆုံး လျှပ်စစ်ကားအဖြစ် ဝေဖန်ခံနေရပါတယ်။ ကာလီနန်ဂရက်မြို့ အခြေစိုက် Avtotor လျှပ်စစ်ကားကုမ္ပဏီက မော်စကိုနည်းပညာသိပ္ပံနဲ့အတူ ပူးပေါင်းပြီး Amber Yantar လျှပ်စစ်ကားရဲ့ ပုံစံငယ်ကို လွန်ခဲ့တဲ့တစ်ပတ်က ထုတ်ဖော်ပြသခဲ့တာပါ။

Amber Yantar လျှပ်စစ်ကားကို တမူထူးခြားတဲ့ဒီဇိုင်းရှိပေမဲ့ အွန်လိုင်းပေါ်မှာတော့ လှောင်ပြောင်ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ မသိရသေးပေမဲ့ ဈေးနှုန်းချိုသာပြီး 25kW/h ဘက်ထရီ တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နာရီ ၆၅ မိုင်နှုန်းအထိပဲ မောင်းနှင်နိုင်မှာပါ။ Amber Yantar လျှပ်စစ်ကားကို ဝယ်ယူမယ့်သူတွေအနေနဲ့ ဘက်ထရီကို ငှားရမ်းအသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။

ပုံစံငယ်အရ ကမ္ဘာ့အကျည်းတန်ဆုံး လျှပ်စစ်ကားလို့ ဝေဖန်ခံနေရပေမဲ့ အမှန်တကယ် ထုတ်လုပ်တဲ့အခါ ဆွဲဆောင်မှု ပိုကောင်းတဲ့ ဒီဇိုင်းမျိုး မြင်ရလိမ့်မယ်လို့ Avtotor လျှပ်စစ်ကားကုမ္ပဏီက တုံ့ပြန်ထားပါတယ်။

Avtotor လျှပ်စစ်ကားကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်ကျရင် ကာလီနန်ဂရက်အခြေစိုက် စက်ရုံမှာ Amber Yantar လျှပ်စစ်ကား ၅၀၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး လျှပ်စစ်မော်တာ၊ အင်ဗာတာ၊ ဘက်ထရီနဲ့ control board အစရှိတဲ့ အဓိကအစိတ်အပိုင်းအားလုံးကို ရုရှားနိုင်ငံမှာပဲ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

ရုရှားလျှပ်စစ်ကား ကုမ္ပဏီတွေဟာ အရင်ကလည်း လျှပ်စစ်ကားတွေရဲ့ အဓိကအစိတ်အပိုင်းတွေကို ရုရှားပြည်တွင်းမှာပဲ ထုတ်လုပ်မယ်လို့ ဆိုခဲ့ဖူးပြီး အဆုံးသတ်မှာတော့ တရုတ်နိုင်ငံထုတ် အစိတ်အပိုင်းတွေကို ဝယ်ယူတပ်ဆင်ခဲ့ဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။