အာဖဂန်နစ္စတန်နိုင်ငံမှာ မင်္ဂလာမောင်နှံ ၅၀ ပါဝင်တဲ့ မင်္ဂလာပွဲကြီး ကျင်းပ

International News
အာဖဂန်နစ္စတန်နိုင်ငံမှာ မင်္ဂလာမောင်နှံ ၅၀ ပါဝင်တဲ့ မင်္ဂလာပွဲကြီး ကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံမှာ မင်္ဂလာမောင်နှံ ၅၀ ပါဝင်တဲ့ မင်္ဂလာပွဲကြီး ကျင်းပခဲ့ပါတယ်။ ကုန်ကျစရိတ်များတဲ့ ထုံးတမ်းစဉ်လာ မင်္ဂလာပွဲတွေရဲ့ စရိတ်စကကို လျှော့ချနိုင်စေဖို့အတွက် အာဖဂန်နစ္စတန်နိုင်ငံမှ ဝင်ငွေနည်းသူတွေက တပြိုင်တည်း မင်္ဂလာပွဲလုပ်တဲ့ အလေ့အထ ခေတ်စားလာခဲ့တာပါ။

ကဘူးလ်မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲ အခမ်းအနားကို ပရဟိတအဖွဲ့အစည်းတစ်ခုက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ကြင်စဦး ဇနီးမောင်နှံတွေ ဘဝသစ် စတင်နိုင်ဖို့အတွက် လိုအပ်တဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ပံ့ပိုးပေးလေ့ရှိပါတယ်။

” ထုံးတမ်းစဉ်လာ မင်္ဂလာပွဲတွေဟာ အနည်းဆုံး ဒေါ်လာ ၂၈၀၀ ကနေ ဒေါ်လာ ၃၆၀၀ ကြား ကုန်ကျလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို တစ်ပြိုင်တည်း မင်္ဂလာဆောင်လိုက်တော့ ဒေါ်လာ ၁၄၀ ကနေ ဒေါ်လာ ၁၈၀ ကြားပဲ ကုန်ပါတယ်” လို့ ဂေါပြည်နယ်မှ သတို့သားလောင်း တစ်ဦးက ပြောပါတယ်။ သူဟာ ကျပန်းအလုပ် လုပ်သူဖြစ်ပြီး တစ်နေ့ကို အာဖဂန်နစ္စတန်နိုင်ငံသုံးငွေ ၃၅၀ လောက်ပဲ ရသူပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။