အစ္စရေးကို ဂျီနိုဆိုက်မှုနဲ့ တောင်အာဖရိက တရားစွဲတဲ့ အမှု ICJ မှာ စတင် ကြားနာ

International News
အစ္စရေးကို ဂျီနိုဆိုက်မှုနဲ့ တောင်အာဖရိက တရားစွဲတဲ့ အမှု ICJ မှာ စတင် ကြားနာ

ICJ မှာ ဂါဇာအရေး အစ္စရေးကို တောင်အာဖရိက ဂျီနိုဆိုက်မှုနဲ့ တရားစွဲ

အစ္စရေး စစ်တပ် ဂါဇာထဲ ကျူးလွန်နေတာတွေဟာ လူမျိုးတုန်း thetဖြတ်မှု ဂျီနိုဆိုက်ထိ မြောက်တယ် ဆိုပြီး တောင်အာဖရိကနိုင်ငံက စွဲဆိုထားတဲ့ အမှုကို သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံးတော် ICJ မှာ စတင် ကြားနာ နေပြီ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေ ဆိုပြီး ပယ်ချထားပါတယ်။ ဒီအမှုရဲ့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ဂါဇာထဲ အစ္စရေးရဲ့ စစ်ရေး လုပ်ဆောင်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အမိန့် ICJ ရုံးတော်က ချမှတ်ပေးပါ ဆိုပြီးတော့လည်း တောင်အာဖရိက နိုင်ငံက တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် တုံ့ပြန်တာ ဆိုပြီး သူတို့ လုပ်ရပ် မှန်ကြောင်း အစ္စရေး အနေနဲ့ ပြောလို့ မဖြစ်နိုင်ပါဘူးလို့ တောင်အာဖရိက တရားရေးဝန်ကြီး ရော်နယ် လာမိုလာက ပြောပါတယ်။

“ဟားမတ်စ် အပါအဝင် တခြား ပါလက်စတိုင်း lat natကိုင် အဖွဲ့တွေက အရပ်သားတွေ အပေါ် ပစ်မှတ်ထားခဲ့၊ ဓားစာခံတွေ အဖြစ် ခေါ်သွားခဲ့ကြတဲ့ အောက်တိုဘာ ၇ ရက် လုပ်ရပ်တွေ အပေါ် တောင်အာဖရိကက ခြွင်းချက်မရှိ ရှုတ်ချပါတယ်။

ဒါပေမယ့် နယ်မြေထဲ ကျူးကျော် တိုက်ခိုက်ခံရလို့ ဖြစ်ဖြစ်၊ ဘယ်လောက် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန် ခံရလို့ ဖြစ်ဖြစ်၊ ဘယ်လို အကြောင်း ပြချက်မျိုးကိုမှ သုံးပြီး ဂျီနိုဆိုက် ဆိုင် နိုင်ငံတကာ ပဋိညာဉ်ကို ချိုးဖောက်ခွင့် မရှိပါဘူး” ဆိုပြီး ဝန်ကြီး လာမိုလာ ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။