မိတ်ဆွေတို့လိုတာတွေရစေဖို့လိုတရကွမ်းရွက်ယတြာ

Astrology
မိတ်ဆွေတို့လိုတာတွေရစေဖို့လိုတရကွမ်းရွက်ယတြာ

အခုတခါမှာတော့ ကျွန်တော့်ကို အိမ်ပိုင်ချင်လို့ ၊ မြေပိုင်ချင်လို့ ၊ ဖုန်း၀ယ်ချင်လို့ ၊ ကား၀ယ်ချင်လို့ ၊ ရွှေလိုချင်လို့ ၊ ဘာ၀ယ်ချင်လို့ ညာလိုချင်လို့ဆိုပြီး မကြာခဏပူဆာ မေးမြန်းနေကြတဲ့ မိတ်ဆွေတွေအားလုံး အားလုံးအတွက် အဘ၀ိဇ္ဇာဒေါတ်တာ မင်းသိင်္ခရဲ့ ယတြာတွေများစွာ ရှိတဲ့အထဲက အလွန်အစွမ်းထက်တဲ့ ကွမ်းရွက်နဲ့ အစီအမံ ပြုလုပ်ရတဲ့ “လိုတရ ယတြာ”တစ်မျိုးကို ဖော်ပြ ပေးလိုက်ပါပြီ ။ မိတ်ဆွေတို့အားလုံး လိုတရယတြာကြောင့် လိုတာတွေ ရကြပါစေဗျာ ။

ပထမဆုံး ယတြာအတွက်အသုံးပြုရန် အနာအဆာကင်းတဲ့ ကွမ်းရွက်တစ်ရွက်ကို ယူပါ ။ ပြီးရင် ပုံပါအတိုင်း ကွမ်းရွက်တွင် မိမိလက်မနှင့် ထုံးကိုတို့ပြီး ကွမ်းရွက် အချောဘက်ကနေ ဖြစ်လိုတာ ဆုတောင်းရင်း ထုံးဖြင့် (၉)ချက်တို့ပေးပါ ။

ထုံးတို့တဲ့အခါမှာ ပါးစပ်ကနေ ကိုယ်ဖြစ်ချင်တာကို ရွတ်ဆိုပေးပါ ။ မိမိ ရွတ်ဆိုသည်မှာ (စေ) နဲ့ ဆုံးရပါမယ် ။ စုစုပေါင်း စကားလုံး(၉)လုံးတိတိ ဖြစ်နေရပါမယ် ။

ဥပမာ…
(၁) အိမ် တစ် လုံး အ မြန် ဆုံး ပိုင် ပါ စေ ။
(၂) ကား တစ် စီး အ မြန် ဆုံး ပိုင် ပါ စေ ။
(၃) ဖုန်း တစ် လုံး အမြန် ဆုံး ပိုင် ပါ စေ ။
(၄) ဆိုင် တစ် ဆိုင် အ မြန် ဆုံး ရ ပါ စေ ။
(၅) ခြံ တစ် ခြံ အ မြန် ဆုံး ရ ပါ စေ ။
(၆) ငွေ အ ကြွေး အ မြန် ဆုံး ရ ပါ စေ ။
(၇) ငွေ များ များ အ မြန် ဆုံး ၀င် ပါ စေ ။
(၈) ယော င်္ကျား အ မြန် ဆုံး ပြန် လာ ပါ စေ ။
(၉) မိန်း မ အ မြန် ဆုံး ပြန် လာ ပါ စေ ။
(၁၀) ချစ် သူ အ မြန် ဆုံး ပြန် လာ ပါ စေ ။
(၁၁) ငွေ အ ကြွေး အ မြန် ဆုံး ကြေ ပါ စေ ။
(၁၂) အ ရောင်း အ ဝယ် များ ကောင်း ရ ပါ စေ ။
မိမိ ဥာဏ်ရှိသလို စဉ်းစားပြီး မိမိဖြစ်ချင်တာ ထည့်ရေးပါ ။

ထုံးနဲ့ တို့ထားတဲ့ အစက်လေးတွေအပေါ်မှာ ထန်းလျက်ခဲ (၉)ခဲကို တစ်စက် တစ်လုံးစီ လိုက်တင်ပါ ။ ကိုယ် ထုံးတို့တဲ့အခါမှာ ရေးထားတဲ့အတိုင်း ရွတ်ဆိုပြီး တင်ပါ ။

ပြီးရင် ထိုကွမ်းရွက်ပန်းကန်ကိုယူ၍ ညောင်ပင်ကြီးကြီးတစ်ပင်ကို မိမိမွေးနေ့ မနက်စောစော ၆ း၀၀နာရီ ကနေ ၇း၃၀ အတွင်းသွားပြီး ရုက္ခစိုးနတ်အားလှူ၍ တိုင်တည် ဆုတောင်းပေးပါ ။ တစ်ကြိမ် တစ်ခါထည်းတော့ မရပါ ။ အချိန်ရရင် ရသလိုသလို မကြာခဏ ပြုလုပ်ပေးရပါမယ် ။ မိနစ် (၃၀)ခန့် အကြာမှာ ကွမ်းရွက်ပန်းကန်ကို ပြန်လည်စွန့်ယူပြီး ကွမ်းရွက် နဲ့ ထန်းလျှက်ခဲတွေကို ညောင်ပင်ရဲ့ အမြင့်တစ်နေရာရာမှာ ကြွပ်ကြွပ်အိတ်သန့်သန့် နဲ့ လှယ်ယူပြီး ချိတ်ဆွဲထားပေးခဲ့ပါ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။