နှစ်ဖက်မိဘဆွေမျိုးအစုံအလင်နဲ့ ဘုရားအနေကဇာတင်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ လုပ်ခဲ့တဲ့ နေတိုးတို့ဇနီးမောင်နှံ

Celebrity Local News
နှစ်ဖက်မိဘဆွေမျိုးအစုံအလင်နဲ့ ဘုရားအနေကဇာတင်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ လုပ်ခဲ့တဲ့ နေတိုးတို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ… နိုင်ငံကျော် နေတိုးကတော့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ ဇာတ်ရုပ်ပေါင်းစုံကို သရုပ်ဆောင်နိုင်ပြီး အောင်မြင်မှု များစွာ ရရှိပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးဟာ သူ့ရဲ့လူငယ်ဘဝတစ်လျှောက်လုံးမှာအနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ဖြတ်သန်းခဲ့ရတာ မို့ အိမ်ထောင်ရေးကို အသက်လေးဆယ်ကျော်အရွယ်မှ စဉ်းစားနိုင်ပြီး အိမ်ထောင်တစ်ခုကို ထူထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကိုရပ်နားထားတဲ့ နေတိုးဟာ သူ့ရဲ့ မိသားစုတွေကိုပိုပြီး အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ နေတိုးက ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူ့ရဲ့ချစ်ဇနီး သဲဆုမြတ်ရွှေ၊ ချစ်သား လေး ဂုဏ်ရှိန်တိုးနဲ့ နှစ်ဖက်သော မိသားစု ဆွေမျိုးတွေ ကို ဖိတ်ကြားပြီး ဘုရားအနေကဇာတင်ပရိတ်ရွတ်ဖတ် ပူဇော်၊တရားနာ၊ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကုသိုလ် ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

နေတိုးကတော့ အားလပ်တဲ့အချိန်မှာ မိသားစုတွေကို အချိန်ပေးရင်း သာယာတဲ့ နေ့ရက်တွေကို ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း နေတိုးတို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။