ပရိသတ်က နံပါတ်တစ်မို့လို့ ပရိသတ်ကဝိတ်ချခိုင်းလို့ ၆နှစ်စာကို ၂လနဲ့ဝိတ်ချခဲ့တယ်ဆိုတဲ့ နဝရတ်

Celebrity Local News
ပရိသတ်က နံပါတ်တစ်မို့လို့ ပရိသတ်ကဝိတ်ချခိုင်းလို့ ၆နှစ်စာကို ၂လနဲ့ဝိတ်ချခဲ့တယ်ဆိုတဲ့ နဝရတ်

တစ်ခေတ်တစ်ခါက ပရိသတ်လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး နဝရတ်ကတော့ ယခုလက်ရှိမှာတော့ အနုပညာအလုပ်နဲ့ အလှမ်းဝေးကွာနေပြီပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာ တ်ကား ၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပီပြင်ပြီး တိကျပိုင်နိုင်အောင် သရုပ်ဆောင်ခဲ့တဲ့ သူမကို ပရိသတ်က အတော်လေး သဘောကျ နှစ် ခြိုက်ခဲ့တာပါ…..။နဝရတ်က ယနေ့အချိန်ထိတိုင် အပျိုကြီး ဘဝနဲ့ အရိုးထုတ်နေတာဖြစ်ပြီး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးလည်းဖြစ်ပါတယ်။

ယခုခါမှာတော့ အနုပညာအလုပ် ပြန်လည် မလုပ်ကိုင်ခဲ့တဲ့ အကြောင်းကို ပြောပြလာတာပဲဖြစ်ပါတယ် နဝရတ်က “ပရိတ်သတ်က ကိုယ့် အတွက်နံပါတ်တစ်ပါပဲ အခုသူတို့ကဝိတ်ချပါဆိုပြီးချခိုင်းလို့ ၆နှစ်စာကို နှစ်လနဲ့ချနိုင်ခဲ့တယ်..အနုပညာအလုပ်ကို မလုပ်ချင်တော့ဘူး အရမ်း ပင်ပန်းတယ်လေ…ဒါရိုက်တာတွေ ပရိုဂျူဆာတွေ ပြင်ဦးလွင်ထိ လာဌား ကြတယ်…အတွေ့ မခံဘူး ပုန်းနေခဲ့တယ်၊ အားနာပြီး ပြန်လုပ်မိမှာစိုးလို့၊ အနုပညာ အလုပ်ကတော့ ပြန်လုပ်ဖို့ မရှိတော့ပါဘူး၊ တစ်ခါတလေ ပွဲတက်ကြော်ငြာရိုက် နည်းနည်း ပါးပါးလောက်ပဲ အနုပညာအလုပ်လုပ်ဖြစ် တာ့တယ်” ဆိုပြီး ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan NEws

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။