သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ

Health Knowledge
သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ

သွေးကြောနံရံများသို့ သွေးများတွန်းကန်သောအားသည် ကာလရေရှည်ကြာစွာ မြင့်မားနေပါ က သွေးတိုးရောဂါ ဖြစ်ပေါ်လာသည်။

သွေးပေါင်ချိန်သည် နှလုံးမှ ညှစ်ထုတ်လိုက်သည့် သွေးပမာဏနှင့် သွေးကြောများအတွင်း စီးဆင်းရာတွင် ခုခံအားပမာဏပေါ်မူတည်၍ ဆုံးဖြတ်သည်။နှလုံးမှ ညှစ်ထုတ်လိုက်သည့် သွေးပမာဏများပြီး သွေးကြောများကျဉ်းလေလေ သွေးပေါင်ချိန်ပိုတက်လေလေဖြစ်သည်။

သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာရှိနေနိုင်သည်။သွေးတိုးခြင်းကို ထိန်းချုပ်မထားပါက နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ဆိုးဝါးသည့် ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။

ကံကောင်းသည့်အချက်မှာ သွေးတိုးခြင်းကို သွေးပေါင်ချိန်တိုင်းရုံနှင့် အလွယ်တကူသိရှိနိုင်ပြီး သိပြီးပါကလည်း နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်အောင် ထိန်းသိမ်းထားနိုင်သည်။

အပေါ်သွေး (Systolic) (သို့) အောက်သွေး (Diastolic)

အများစုမှာ အပေါ်သွေး (Systolic) ကို ပိုဂရုစိုက်ကြပြီး လူအများစုတွင် အပေါ်သွေးသည် အသက်အရွယ်နှင့် လိုက်ကာ မြင့်တက်လာလေ့ရှိသည်။

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားေ အာင် ပြုလုပ်နိုင်ကြပါတယ်။

(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီးလက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သော က်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

(၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။

(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။

(၄) ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည် ခွက် ၃ ခွက်ခန့် သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။

၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။ (သတိပြုရန်) ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အ ကျွံေ သာက်ပါက ဝမ်းချုပ်တတ်ပါသည်။

Crdit-ဘဝခါးခါး

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။