နှုတ်စီးလိုလျှင်

Astrology Religion
နှုတ်စီးလိုလျှင်

ဗန်းမော်ဆရာတော်ဘုရားကြီးက မိန့်တော်မူလိုက်ပါတယ်။
နှုတ်စီးလိုလျှင် တရားစာ များများရွတ်ပဋ္ဌာန်းကျမ်းတွေ ရွတ်မေတ္တာတွေ ပို့ပါတဲ့။

ဘုန်းဘုန်းကြီး ဂျပန်ရောက်ခိုက် အမျိုးသမီးတစ်ဦး အခက်အခဲ အကျပ်အတည်းဖြစ်နေချိန် ဘုန်းဘုန်းကြီးက အဆင်ပြေစေသတည်း လို့မိန့်တော်မူလိုက်တာ နောက်ရက်ကနေ စပြီး အလုပ်အကိုင်တွေ အဆင်ပြေသွားပါတယ်တဲ့။

နောက်တစ်ဦးကလည်း အဆင်မပြေဘူးတဲ့။ဒါကို ဘုန်းဘုန်းကြီးသိပြန်တော့အဲဒီလို ထပ်မိန့်လိုက်တယ်။သူလည်း အလုပ်အကိုင်တွေအဆင်ပြေသွားပါတယ်တဲ့။တကယ်တော့…ဘုန်းဘုန်းကနှစ်ပေါင်းများစွာ ပရိတ်တွေရွတ် ပဋ္ဌာန်းတွေ ရွတ်နေတော့ ဘုန်းဘုန်း နှုတ်ကသိဒ္ဓိပြီးနေတာ နှုတ်စီးနေတာလို့ မိန့်ပါတယ်။

ဘုရားရှင် လက်ထက်ကလည်း ရှိခဲ့တယ်‌နော်…ရှင်သီဝလိဆို လူတိုင်းသိကြမှာပါ။ရှင်သီဝလိရဲ့မယ်တော် သုပ္ပဝါသာ မယ်တော်ဟာ ခုနှစ်နှစ်ကိုယ်ဝန်ဆောင်ရတာ ဝဋ်ကျွေးကြောင့်ပါ။

သုပ္ပဝါသာဟာ မြတ်စွာဘုရားရှင်ကို သူသည်းခံနေပါကြောင်း လျှောက်တဲ့အခါ ဘုရားရှင်က…သုပ္ပဝါသာ ရောဂါ မရှိမူ၍ ချမ်းသာစေသတည်း…
ရောဂါကင်းသော သားကိုဖွားမြင်စေသတည်းလို့ နှုတ်မြွတ်တော်မူတဲ့ တစ်ခဏအတွင်းမှာပဲ သက်တောင့်သက်သာနဲ့ ဖွားမြင်ခြင်းကိစ္စ ပြီးပါတယ်။
ဒီတော့ နှုတ်စီးချင်တယ်ဆို ဘာလုပ်ရမလဲ သိလောက်ရောပေါ့နော်..

မူရင်း ရေးသားသူကို credit ပေးပါတယ်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။