The Mask မင်းသား ဂျင်မ်ကာရေးလို ပုံစံမျိုး အတုခိုးပြီး လုပ်ပြတဲ့ ဗီဒီယိုတွေနဲ့ နာမည်ကြီးတဲ့ အမျိုးသမီး

Celebrity International News
The Mask မင်းသား ဂျင်မ်ကာရေးလို ပုံစံမျိုး အတုခိုးပြီး လုပ်ပြတဲ့ ဗီဒီယိုတွေနဲ့ နာမည်ကြီးတဲ့ အမျိုးသမီး

The Mask ရုပ်ရှင်ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသား ဂျင်မ်ကာရေးလို ပုံစံမျိုး အတုခိုးပြီး လုပ်ပြတဲ့ ဟာသဉာဏ်ရွှင်တဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ အသက် ၃၅ နှစ်အရွယ် ဟီသာ ရှောဆိုသူဖြစ်ပြီး သူဟာ ဂျင်မ်ကာရေးလိုပုံစံမျိုး လုပ်ပြတဲ့ ရယ်စရာဗီဒီယိုတွေနဲ့ TikTok မှာ လူသိများနေပါတယ်။ သူဟာ ဂျင်မ်ကာရေးနဲ့ ရုပ်ဆင်တဲ့အပြင် သူနဲ့တူအောင်လည်း စကားပြောတတ်ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို ဂျင်မ်ကာရေးနဲ့ သမီးလို့တောင် ထင်ကြတာပါ။ သူက ဂျင်မ်ကာရေးနဲ့ ဘာမှတော်စပ်ခြင်းမရှိပါဘူး။ ဟီသာက သူ့အသက် ၈ နှစ်ကတည်းက ဂျင်မ်ကာရေးလို ပုံစံမျိုးလိုက်အတုခိုးခဲ့ပြီး လူတွေကို ရယ်မောအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း သူဟာ ဂျင်မ်ကာရေးရဲ့ကာလရှည်ကြာပျောက်ဆုံးသွားတဲ့သမီးလို့ လူတွေယုံအောင် လုပ်ခဲ့တယ်။ သူ့ဗီဒီယိုတွေက လူသိများလာတော့ သူဟာ တကယ်ကိုပဲ ဂျင်မ်ကာရေးနဲ့ တော်စပ်မှုရှိတယ်လို့ လူအများက ယုံကြည်လာခဲ့ကြတာပါ။

ဂျင်မ်ကာရေးက ဟီသာရဲ့ဗီဒီယိုတွေကို မြင်တွေ့ဖူးလာဆိုတာ ဘယ်သူမှမသိကြပါဘူး။ ဒါပေမဲ့ ဟီသာက တစ်နေ့ကျ ဂျင်မ်ကာရေးနဲ့တွေ့ဆုံခွင့်ရရင် “ဟိုင်း..ဖေဖေ” လို့ နှုတ်ဆက်မယ်လို့ စနောက်ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ဗီဒီယိုတွေကြောင့် တီဗီရှိုးနဲ့ အင်တာဗျူးတွေအတွက် ဖိတ်ခေါ်မှုဖြစ်ခဲ့ပြီး ဟာသလောကထဲမှာ ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ကို အားပေးကြတဲ့သူတွေက ဟီသာနဲ့ ဂျင်မ်ကာရေးကို ဆုံတွေ့ပြီး လူအများကို ရယ်မောစေမယ့်နေ့ကို မစောင့်နိုင်ဖြစ်နေကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။