ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

International News
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

အထွေထွေရွေးကောက်ပွဲမတိုင်ခင်က ကရာချီမြို့က လူထုဟောပြောပွဲမှာ အင်မရန် ခန်းရဲ့ ပါတီကို ထောက်ခံသူတွေ စုဝေးခဲ့ကြစဉ်

ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူး ရှိစဉ်ကာလတုန်းက အစိုးရလျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့မှု စွဲချက်နဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းကို ပါကစ္စတန်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

ဒီအမှုဟာ အမေရိကန်နဲ့ ပါကစ္စတန်အကြား သံတမန်ရေး စာအဆက်အသွယ်ပြုလုပ်မှုနဲ့ ဆက်နွှယ်နေပါတယ်။

အင်မရန် ခန်းကတော့ ဒါဟာ သူ့အစိုးရ ပြုတ်ကျအောင် အမေရိကန်အစိုးရက လုပ်တဲ့ ပူးပေါင်းကြံစည်မှု တစ်စိတ်တပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။

အင်မရန် ခန်းဟာ ၂၀၂၂ ခုနှစ် ဧပြီလက အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုမှာ ရှုံးနိမ့်ခဲ့အပြီး ဝန်ကြီးချုပ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ပါတီက ဒီကြားနာစစ်ဆေးမှုဟာ အတုအယောင် ကြားနာစစ်ဆေးမှုသာ ဖြစ်ပြီး အယူခံဝင်မယ်လို့ ပြောပါတယ်။

ဒီအမှုနဲ့ပဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရှား မာမွတ် ကာရက်ရှီ ကိုလည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

တခြားစွဲချက်တွေနဲ့ သြဂုတ်လကတည်းက အင်မရန် ခန်းကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားပြီး အဲဒီ အကျဉ်းထောင်တွင်းမှာပဲ အထူးတရားရုံးတစ်ခု ဖွဲ့ပြီး အခုအမှုကို စစ်ဆေးကြားနာခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။