တောမှာဇာတ်ကားရိုက်ကူးနေရင်း အမှတ်တရဓာတ်ပုံလေးတွေ တင်ပေးလာတဲ့ ရွှေမှုန်ရတီ

Celebrity Local News
တောမှာဇာတ်ကားရိုက်ကူးနေရင်း အမှတ်တရဓာတ်ပုံလေးတွေ တင်ပေးလာတဲ့ ရွှေမှုန်ရတီ

မင်းသမီးရွှေမှုန်ရတီ ဟာဆိုရင် အနုပညာလောကကို ဝင်ဝင်ချင်းမှာပဲ တမူထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိသတ်အာရုံကိုဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အလှတရားတွေနဲ့ သရုပ်ဆောင်ချက်တွေပေါင်းစပ်လိုက်တဲ့အခါ ပရိသတ်ရင်ထဲရောက်သွားခဲ့ပြီး အားပေးမှုအလျင်အမြန်ပဲရရှိလာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီဆုကြီးကိုပါ ဆွတ်ခူးထားနိုင်တဲ့ အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးတလက်ဖြစ်လို့နေပါပြီ။

အနုပညာလောကမှာလည်းအောင်မြင်သလို သူမရဲ့ဘဝမှာလည်း ချစ်ရတဲ့ အဆိုတော်ရွှေထူးနဲ့ လက််ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ နှစ်အတော်ကြာပြီပဲဖြစ်ပါတယ်။ ပရိသတ်ကချစ်စနိုးနဲ့ ရွှေစုံတွဲဆိုပြီး ခေါ်ကြတာဲ့ ရွှေမှုန်ရတီနဲ့ရွှေထူးတို့ ဇနီးမောင်နှံဟာဆိုရင် လက်ထပ်ပြီးနှစ်တွေကြာတာတောင် တယောက်နဲ့တယောက် အကဲပိုအောင်ချစ်နေကြဆဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ ရွှေမှုန်က သူမရဲ့ တောရွာဘက်မှာဇာတ်ကားသွားရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ပရိသတ်ကြီးအတွက်တင်ပေးလာတာဖြစ်ပါတယ်။ရွှေမှုန်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ သူမက”ရွာက ဝက််ပေါက် နှစ်ကောင် ” ဆိုပြီး ချစ်စရာဝက်ပေါက်လေးနဲ့တွဲရိုက်ထားတဲ့ပုံလေးကိုဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။