လွန်ခဲ့တဲ့ နှစ် ၆၀ က ကြိုက်ခဲ့ဖူးတဲ့ အမျိုးသမီးထံမှ ပို့စ်ကတ်ရတာကို ဒေါသထွက်ပြီး ဇနီးက ခင်ပွန်းကို thetဖို့ ကြိုးပမ်းခဲ့

Funny International News
လွန်ခဲ့တဲ့ နှစ် ၆၀ က ကြိုက်ခဲ့ဖူးတဲ့ အမျိုးသမီးထံမှ ပို့စ်ကတ်ရတာကို ဒေါသထွက်ပြီး ဇနီးက ခင်ပွန်းကို thetဖို့ ကြိုးပမ်းခဲ့

လွန်ခဲ့တဲ့ နှစ် ၆၀ က ချစ်ကြိုက်ခဲ့ဖူးတဲ့ အမျိုးသမီးထံမှ ပို့စ်ကတ်ရတဲ့ကိစ္စကို အကြောင်းပြုပြီး အသက် ၇၁ နှစ်အရွယ် အမေရိကန်အမျိုးသမီးက သူ့ယောကျာ်းကို ဒေါသတကြီး တိုက်ခိုက်ခဲ့ပြီး thetဖို့အထိ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဘာသာယယ်လ်တာရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ နှစ် ၆၀ တုန်းက တူရကီအမျိုးသမီးတစ်ဦးနဲ့ ချစ်သူ ဖြစ်ခဲ့ဖူးပါတယ်။

တူရကီအမျိုးသမီးထံမှ ပို့စ်ကတ် ရပြီးတဲ့နောက် သူကလည်း ပို့စ်ကတ် ပြန်ပေးခဲ့တယ်လို့ ခင်ပွန်းဖြစ်သူက ဝန်ခံခဲ့ပြီးနောက်မှာ ဘာသာယယ်လ်တာက သူ့ခင်ပွန်းကို ဒေါသတကြီး တိုက်ခိုက်ခဲ့သလို ခေါင်းအုံးနဲ့ ဖိthetဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အားအင်ချိနဲ့ပြီး တုန်တုန်ရီရီ ဖြစ်နေတဲ့ အမျိုးသားဟာ လက်မောင်းနှစ်ဖက်လုံးနဲ့ ဝမ်းဗိုက်မှာ စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး အကိုက်ခံထားရတဲ့ ဒဏ်ရာတွေကလည်း သွေးထွက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ နေထိုင်သူ ဘာသာယယ်လ်တာဟာ အသက် ၆၅ နှစ်နဲ့အထက် အရွယ်ရှိသူကို ရိုက်နှက်မှု၊ လူthetဖို့ ကြိုးပမ်းမှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ခင်ပွန်းဟာ ဒဏ်ရာတွေ ပြန်လည်သက်သာလာပြီး ဘာသာယယ်လ်တာကို ထောင်ထဲကနေ ထုတ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ခေါင်းအုံးနဲ့ ဖိthetဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သူ့ရဲ့ထွက်ဆိုချက်ကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဖုန်းဗီဒီယိုမှတ်တမ်းကိုကြည့်ပြီး ဘာဖြစ်ခဲ့သလဲဆိုတာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။