ရေဖျဉ်းရောဂါ သွေးတဂူဂူ လေတဂူဂူ ရေတဂူဂူ(ရေဖျဉ်း) ရောဂါများအတွက်( တရုတ်စကားနီ အစွမ်း )

Health Knowledge
ရေဖျဉ်းရောဂါ သွေးတဂူဂူ လေတဂူဂူ ရေတဂူဂူ(ရေဖျဉ်း) ရောဂါများအတွက်( တရုတ်စကားနီ အစွမ်း )

တရုတ်စကားအနီပင်၏အခေါက်ကို ခွါယူပါ ။

အပြင်မှ အကြေးခွံအကြမ်းများကို ခြစ်ပစ်ပါ ။

အခေါက်တစ်ပိဿသာကိုလက်၂ လုံး သုံးလုံး ခန့်လေးတွေ ဖြတ်ပါ။

ဒါန်အိုးကြီးကြီးတစ်လုံးတွင်ထည့်ပါ ။

ထန်းဖိုဦးထန်းလျှက် ၂၀ ကျပ်သားထည့်ပါ ။

ရေသုံးပိသာ ထည့်ပြီး ကျိုပါ

ဆေးရည်တစ်ပိဿသာကျန်သည်အထိ ကျိုပါ ။

ဆေးရည်တစ်ပိဿာကျန်လျှင် ချပြီး ဆေးရည်ကို ပိတ်ပါး ရေစစ်ဖြင် စစ်ယူပြီး သန့်ရှင်း

စင်ကြယ်သောပုလင်းတွင်ထည့်ပြီး သိမ်းဆည်းပါ ။ ။

( ဆေးရည် ဂုဏ်သတ္တိအစွမ်း )

ဆေးရည်၏အရသာမှာ ခါး၏

ဆေးရည်ကို ဂူနာဝေဒနာရှင်များ တစ်နေ့ သုံးကြိမ် (နံနက် ၇ နာရီ နေ့ ၂ နာရီ ည အိပ်ယာဝင်အချိန် ) တစ်ခါသောက် အကြမ်းပုဂံတစ်လုံး ခန့် သောက်ပေးပါ

အထက်ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မှီဝဲပါက သွေးတဂူ လေတဂူ ရေတဂူ သွေးလုံး သွေလိပ် ရေလိပ် စသော ဂူနာအမျိုးမျိုးကို ပျောက်ကင်းစေပါသည် ။

ထို့အပြင် ဝမ်းထဲတွင်ဖြစ်တတ်သော သွေးကျိတ် လေကျိတ် အနာလုံး အနာခဲ အနာကျိတ်တို့ကို လည်းပျောက်ကင်းစေ၏ ။

– သွေးမြင်းသရိုက် လေမြင်းသရိုက်

– ဒူလာ ပါဒရက်

– ထုံနာ ကျဉ်နာ

– လေရိုက် လေဖြတ်

– လေငန်းရောဂါတို့ကိုလဲသက်သာပျောက်ကင်းစေ၍ လေနာ အမျိုးမျိုးတို့ကို လက်တွေ့သက်သာပျောက်ကင်းစေသော

တန်းဖိုးနည်းဝန်ပါ ဆေးနည်း တစ်ခု ကို မေတ္တာရှေ့ထားပြီး မှတ်စုထဲမှထုတ်နှုတ်ဝေငှလိုက်ပါသည် ။

အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ

credit

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။