မီးခြစ်ဆံ ၇ သိန်းကျော်သုံးပြီး ၂၃ ပေ မြင့်တဲ့ အီဖယ်မျှော်စင် တည်ဆောက်ခဲ့သူ

International News
မီးခြစ်ဆံ ၇ သိန်းကျော်သုံးပြီး ၂၃ ပေ မြင့်တဲ့ အီဖယ်မျှော်စင် တည်ဆောက်ခဲ့သူ

ပြင်သစ်အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း မီးခြစ်ဆံ ၇ သိန်းကျော် အသုံးပြုပြီး ၂၃ ပေ မြင့်မားတဲ့ အီဖယ်မျှော်စင် ပုံတူ ဖန်တီးခဲ့ပါတယ်။ အသက် ၄၇ နှစ်ရှိတဲ့ ရစ်ချက်ပလတ်ဟာ ကမ္ဘာ့အမြင့်ဆုံး မီးခြစ်ဆံ အီဖယ်မျှော်စင်အဖြစ် ရည်ရွယ်တည်ဆောက်ခဲ့ပေမဲ့ သူ့ရဲ့ ကြိုးပမ်းမှုဟာ ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ရစ်ချက်ပလတ်ဟာ ၂၀၁၅ ခုနှစ်ကစပြီး မီးခြစ်ဆံ ၇၀၆၉၀၀ ကို အသုံးပြုပြီး အကွက်ရေ ၄၀၂ ကွက်ရှိတဲ့ အီဖယ်မျှော်စင် တည်ဆောက်ဖို့ နာရီပေါင်း ၄၂၀၀ ဝန်းကျင် အချိန်ယူခဲ့တာပါ။ သူ့ရဲ့ မီးခြစ်ဆံ အီဖယ်မျှော်စင်ဟာ လက်ရှိစံချိန်တင်ထားတဲ့ လက်ဘနွန်နိုင်ငံသား တူဖစ်ဒါဟာရဲ့ မီးခြစ်ဆံ အီဖယ်မျှော်စင်ထက် ပိုမြင့်မားပါတယ်။ ဒါပေမဲ့ ရစ်ချက်ပလတ်က ယမ်းခေါင်း မပါတဲ့ မီးခြစ်ဆံတွေကို အသုံးပြုခဲ့တာကြောင့် ဂင်းနက်စ်စံချိန် တင်ခံရခြင်း မရှိတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။