ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၂၄ ဦး ပြန်လွတ်လာ

International News
ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၂၄ ဦး ပြန်လွတ်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၂၄ ဦး ပြန်လွတ်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၂၄ ဦး ပြန်လွတ်လာ

အစ္စရေး – ဂါဇာအရေး ၄ ရက် အပစ်ရပ်သဘောတူညီချက်ရဲ့ဖမ်းဆီးထားတဲ့ ဓားစာခံ
အစဥ်အရ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်မှာတော့ ပထမအသုတ်အနေနဲ့ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၄ ဦး ကိုပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
လွတ်မြောက်လာသူတွေထဲ အစ္စရေး၊ထိုင်းနဲ့ ဖိလစ်ပိုင်တို့ ပါဝင်တယ်လို့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန က ပြောရေး ဆိုခွင့်ရှိသူက အတည်ပြုထားပါတယ်။

ဂါဇာတောင်ပိုင်းက ရာဖာနယ်စပ်ဖြတ်ဂိတ်မှာ အစ္စရေးဓားစာခံတွေကို အီဂျစ်အာဏာပိုင်တွေက လက်ခံရရှိခဲ့ပြီးနောက် အစ္စရေး တာဝန်ရှိသူတွေက Arish လေဆိပ်ကို ခေါ်ဆောင်သွားပြီး အစ္စရေးလေတပ်စခန်းကတဆင့် နိုင်ငံကိုပြန်ပို့မှာဖြစ်ပါတယ်။ အစ္စရေးဓားစာခံတွေ ပြန်လွတ်တဲ့ အထဲမှာတော့ အမျိုးသမီးကလေးငယ်နဲ့ သက်ကြီးရွယ်အို ၁၃ ဦး ပါဝင် တယ်လို့ အစောပိုင်းက ‌ပြောထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဓားစာခံ ခေါ်ဆောင်ထားခံရတဲ့ ထိုင်းနိုင်ငံသားတွေထဲက ၁၀ ဦးလည်း ပြန်လည်လွတ်မြောက်လာတဲ့ အထဲပါတယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုထုတ်ပြန်ပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို တယ်လ်အဗီးမြို့ တောင်ဘက်ရှိ Shamir ဆေးဘက်ဆိုင်ရာဌာန မှာ ဆေးကုသမှုခံယူဖို့ ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံသားအားလုံး အမျိုးသားတွေဖြစ်ပြီး ဆေးကုသခံယူဖို့ ၄၈ နာရီကြာ နေထိုင်ကြရမှာဖြစ်ပါတယ်။

ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်ဆောင်ရွက်ပေးတဲ့ သဘောတူညီချက်အရ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွတ်လာတာဖြစ်ပြီး ထိုင်းဓားစာခံ ၂၆ ဦးမှာ ၁၀ ဦး ပြန်လွတ်လာတာဖြစ်ပါတယ်။

၄ ရက်ယာယီ အပစ်ရပ်သဘောတူညီချက်အရ အစ္စရေးဘက်ကလည်း အစ္စရေးအကျဥ်းထောင်တွေထဲ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အမျိုးသမီးနဲ့ ဆယ်ကျော်သက် ၃၉ ဦး ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် မှာအစ္စရေးဘက်က လူ ၁,၂၀၀ thayဆုံးပြီး ၂၀၀ ကျော် ဓားစာခံ ဖမ်းဆီးခံရပြီးကတည်းက အစ္စရေးက ဂါဇာဘက်ကို တိုက်ခိုက်နေခဲ့တာပါ။

ဂါဇာက ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေး ၅,၀၀၀ အပါအဝင် လူပေါင်း ၁၃,၃၀၀ thayဆုံးထားတယ်လို့ ပြောထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။