၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် လုံလုံလောက်လောက် အနားယူပေး ရပါလိမ့်မယ်။ မိမိကိုယ် မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ အတိတ်ကာလ ကိစ္စရပ် အချို့ကြောင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် အနည်းငယ် အားနည်းနေတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား၏ အားပေးထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ ဝင်ငွေ‌ တိုးတက်မှုအပြင် ဆိုင်းငံ့ထားသော ငွေကြေး ကိစ္စရပ်များကိုပါ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါမယ်။ သို့သော် ငွေကြေး ချေးငှားခြင်းမှ ဆုံးရှုံးနိုင်ခြေ ရှိနေသောကြောင့် သတိထားပေး ရပါမယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင် အနှောင့်အယှက် အချို့ ရှိနေတတ်ပါတယ်။ ခေါင်းမာမှုတို့ကြောင့် ဆက်ဆံရေး အပေါ် အနုတ်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်သည်ကို သတိပြုပါ။

ပြိဿရာသီခွင် – Taurus ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားကောင်း‌ နေပါမယ်။ တက်တက်ကြွကြွဖြင့် အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ သို့သော် အစားအသောက်ပိုင်းကို ဂရုစိုက်ပေး ရပါမယ်။ ရက်လွန်သော အစားအစာများကြောင့် ဒုက္ခရောက်နိုင်‌ခြေ ရှိ‌နေနိုင်ပါမယ်။

ငွေရေးကြေးရေးအရ အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။ မိတ်ဖက် စီးပွားရေး လုပ်ငန်းများ အနေနှင့် လုပ်ငန်းခွင် တိုးချဲ့မှုများ ပြုလုပ်လိုပါက အနည်းငယ် စောင့်ဆိုင်းပေးပါ။ ရင်းနှီးမြုပ်နှံရန် အတွက် သင့်တော်သော အချိန်ကာလ မဟုတ်ပေ။

ဤကာလအတွင်း မိသားစုဝင်များ အကြား သဘောထား ကွဲလွဲမှုတို့ကြောင့် စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။ စိတ်လိုက်မာန်ပါ ပြုမှုခြင်းထက် စိတ်ရှည်ရှည်ထားပေးပါ။

မေထုန်ရာသီခွင် – Gemini ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် တတ်နိုင်သမျှ အချိန်ယူပြီး အနားယူပေး ရပါမယ်။ မိမိ လုပ်နိုင်စွမ်းထက် ပို၍ တွန်းအား မပေးပါနှင့်။ ပင်ပန်းနွမ်းနယ်သော အလုပ်များကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအရ ဝင်ငွေ ကောင်းမွန်နေပါမယ်။ ဘဏ္ဍာရေး အခြေအနေသည် အတိုင်းအတာ တစ်ခုအထိ တိုးတက်လာပါမယ်။ ငွေကြေး ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ရတတ်ပါတယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်း သာယာမှုများ ရှိနေပါမယ်။ မိသားစုဝင်များထံမှ မျှော်မှန်းထားသည်ထက် ပံ့ပိုကူညီမှု ရရှိနိုင်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေး တိုးတက်မှုများ ရှိနေပါမယ်။ ကောင်းမွန်သော အပြောင်းအလဲများ ခံစား ရပါမယ်။ သို့သော် သေးငယ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ဖြစ်ပေါ်နိုင်သောကြောင့် ဂရုစိုက်ပေးပါ။

ငွေကြေးအရ အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါမယ်။ ဝင်ငွေ အတိုင်းအတာ တစ်ခုအထိ ရရှိနိုင်ပေမယ့်လို့ စက်ပစ္စည်းများ၊ အီလက်ထရွန်နစ် ချွတ်ယွင်းမှုတို့ကြောင့် ငွေကြေးအချို့ သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း Cancer ရာသီခွင်များ အနေနဲ့ မိသားစုဝင်၏ ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ အိမ်တွင်း သန့်ရှင်းရေးကို အစောကတည်းက ဂရုစိုက်ပေးပါ။ ဒါ့အပြင် အစပ်လွန်ကဲ‌သော အစားအစာများကို လျော့စားသုံးပေးရန် လိုအပ်ပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်ကောင်းမွန်နေပါမယ်။ ယခင် ခံစားနေရသော ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ သို့သော် မူးယစ်စေနိုင်သော အရာများကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေး အရ ပုံမှန်အတိုင်း လည်ပတ်နေပါမယ်။ အထူးသဖြင့် စီးပွားရေး ကဏ္ဍများတွင် ပိုမိုအားကောင်း လာပါမယ်။ အမြတ်အစွန်း ရရှိစေနိုင်သော အခွင့်အလမ်းများ ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။ သို့သော် ငွေကြေး အစီအစဉ်များ ရေးဆွဲပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း လူမှုပတ်ဝန်းကျင်တွင် မပြေလည်မှု အချို့ ကြုံတွေ့ရတတ်ပါတယ်။ မိမိ၏ သဘောကောင်းမှုကို အခွင့်ကောင်းယူမှုများ ရှိလာနိုင်ပါမယ်။ ဒါကြောင့် မိမိ၏ သဘော သဘာဝကို အပြောင်းအလဲ အချို့ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ကန်ရာသီခွင် – Virgo ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန် အတိုင်း ရှိနေပါမယ်။ သို့သော်လည်း အချို့သော ရာသီအလိုက် ပြဿနာများကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါမယ်။ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။ အချိန်ရပါက မနက်ခင်းတိုင်း မိနစ်၃၀ခန့် ပုံမှန် လမ်းလျှောက်ပေးပါ။ ငွေရေးကြေးရေးအရ ပျမ်းမျှထက် သာလွန်သော ရလာဒ်များ ရရှိနိုင်ပါမယ်။

ငွေကြေး တိုးတက်ကာ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော အငွေ့အသက်များကို မြင်တွေ့ရပါလိမ့်မယ်။ သို့သော် အချို့သော ကိစ္စရပ်များတွင် မိမိကိုယ်တိုင်သာ ဆုံးဖြတ်ချက် ရမှတ်နိုင်စေရန် ကြိုစားပေး ရပါမယ်။ မဟုတ်ပါက ပြင်ပလူများ၏ ဝင်ရောက် စွက်ဖက်မှုများကြောင့် စိတ်ဖိစီးစေနိုင်ပါမယ်။

တူရာသီခွင် – Libra ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမားရေးနှင့် ပက်သက်၍ တိုးတက်မှုများ ရှိနေပါမယ်။ အကယ်၍ ရောဂါ၊ ဝေဒနာ ခံစားနေရပါက ဆေးကုသမှုရာတွင် အပြောင်းအလဲ အချို့ကို ပြုလုပ်ပေးရပါလိမ့်မယ်။ ကျန်းမာရေးနှင့် အညီ အစားအစာများကို အချိန်မှန် စားသုံပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ မိမိ ကြိုးစားအားထုတ်သလောက် အကျိုးအမြတ်ကို ရရှိနိုင်ပါမယ်။ အထူးသဖြင့် မိမိ၏ အချိန်ကို အရေးမပါသော ကိစ္စများတွင် ဖြုန်းတီးနေမည့်အစား လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် ကြိုးစားပေးပါ။

ဤကာလအတွင်း မိတ်ဆွေ၊ အပေါင်းအသင်းတို့ဖြင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ရရှိနိုင်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် ကျန်းမာရေး လုပ်ရိုးလုပ်စဉ်အရ လိုအပ်သော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ ဒါကြောင့် ဘဏ္ဍာရေးနှင့် ပက်သက်၍ အစီအစဉ်ကောင်းများ ရေးဆွဲပေးပါ။ သို့်မှသာ ငွေကြေးများကို အတိုင်းအတာ တစ်ခုထိ ချွေတာနိုင်သည့်အပြင် စုဆောင်းမှုများကိုပါ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်သည် မတည်ငြိမ်နိုင်ပေ။ မိသားစုဝင် အချို့နှင့် စကား အခြေအတင် ပြောဆိုရတတ်ပါတယ်။ မိသားစုများ အပေါ် ဖိအားမဖြစ်စေရန် ဂရုစိုက်ပေး ရပါမယ်။

ဓနုရာသီခွင် – Sagittarius ( February 19 to February 25 )
===============================================

ယခင်အပတ်က အစာမကြေခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာ အသေးအမွှားပြဿနာရှိသူများသည် ယခုအပတ်တွင် ကျန်းမာသောဘဝ၏ အရေးကြီးပုံကို နားလည်ပြီး ပိုမိုကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးပမ်းသွားရမည်ဖြစ်ပါသည်။ မိမိရဲ့ ကြိုးစားအားထုတ်မှုများကို မြင်ကြတဲ့အခါ မိမိပတ်ဝန်းကျင်ကလူတွေက မိမိနဲ့အတူရှိနေမှာဖြစ်သလို သူတို့က စိတ်အားထက်သန်မှု နဲ့ အင်အားတွေ ပေးပါလိမ့်မယ်။

ဒီတစ်ပတ်မှာ သင်ဟာ အားအင်တွေပြည့်နှက်နေပြီး သင်မမျှော်လင့်ထားသေးတဲ့ အမြတ်အစွန်းတချို့ကို ရုတ်တရက် ရလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီအမြတ်ထဲက အနည်းအကျဉ်းကို လူမှုရေးလုပ်ငန်းတွေမှာ အသုံးချရမယ်။

သင့်မွေးချင်းမောင်နှမတွေ၏ကျန်းမာရေးသည် ဤကာလအတွင်း အားနည်းနေနိုင်သော်လည်း ဤအပတ်တွင် သင့်အား လူ့အဖွဲ့အစည်းတွင် လေးစားမှုရရှိစေမည်ဖြစ်သည်။ အဲဒီအတွက် သင်၏ငွေတချို့ကို သုံးစွဲရပါလိမ့်မယ်။ ဒါပေမယ့် ဒီအချိန်အတောအတွင်းမှာ သင်၏မိသားစုတာဝန်တွေကို ကျေပွန်အောင် ဂရုစိုက်နိုင်မှာဖြစ်ပြီး မိသားစုအတွင်းမှာလည်း လေးစားမှုရရှိပါမယ်။

မကာရရာသီခွင် – Capricorn ( February 19 to February 25 )
===============================================

ဒီတစ်ပတ်မှာ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ သင့်အလုပ်ကနေ အချိန်နည်းနည်းယူဖို့ အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ဟာ သင့်ကျန်းမာရေးအတွက် ကောင်းပုံမရပါဘူး။ ဒီသီတင်းပတ်အလယ်မှာ သင့်အတွက် အလုပ်တာဝန် တိုးလာနိုင်သည်။ သို့သော် အလုပ်တာဝန်က သင့်စိတ်ကို ဖိအားပေးတာမျိုး မရှိအောင်နေထိုင်သင့်သည်။

ဒီတစ်ပတ်မှာတော့ အရက်နဲ့ စီးကရက်တို့လို အရာတွေအတွက် ပိုက်ဆံမသုံးမိဖို့ ဂရုစိုက်ရပါမယ်။ ဒီလိုမှမဟုတ်ရင် သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သင့်ငွေရေးကြေးရေးအခြေအနေလည်း ဆိုးရွားလာပါလိမ့်မယ်။

ဒီတစ်ပတ်အတွင်းမှာ မိသားစုတွင်း ငြိမ်းချမ်းမှု ပျက်ပြားခြင်းကြောင့် မိသားစုဝင်အချင်းချင်း ခိုက်ရန်ဖြစ်မှုများ ဖြစ်ပွားနိုင်သည်။ သို့သော်လည်း ဤကာလအတွင်း အခြားသူများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်သည်။ မဟုတ်ပါက ၎င်းတို့၏ အငြင်းပွားမှုတွင် မိမိက ဓါးစာခံ ဖြစ်သွားနိုင်သည်။

ကုမ်ရာသီခွင် – Aquarius ( February 19 to February 25 )
===============================================

ဒီတစ်ပတ်အတွင်း ကျန်းမာရေးရှုထောင့်ကနေကြည့်လျှင် သင့်အတွက် ပိုအဆင်ပြေလာနိုင်ပါသည်။ သင့်တွင် ကြီးကြီးမားမားရောဂါပြဿနာမှာ ရှိလိမ့်မည်မဟုတ်ပါ။ ဒီကြားထဲမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ အနည်းငယ်ရှိနိုင်ပေမယ့် ဒီအချိန်မှာတော့ သင့်ကျန်းမာရေးက အများကြီးတိုးတက်လာမှာဖြစ်ပြီး သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကို ခံစားရပါလိမ့်မယ်။

ဤအပတ်တွင် သင်သည် အရင်းအမြစ်များစွာမှ အကျိုးကျေးဇူးများကို ဆက်လက်ရရှိမည်ဖြစ်သည်။ ဒါကြောင့် ဒီအပတ်အစမှာ သင့်ရဲ့ငွေကြေးပိုင်းဆိုင်ရာအတွက် အစီအစဥ်ကောင်းတစ်ခုလုပ်ဖို့ အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ပိုက်ဆံတွေကို အတိုင်းအတာတစ်ခုအထိ ချွေတာနိုင်တဲ့အပြင် စုဆောင်းထားနိုင်လို့ပါ။

ဒီတစ်ပတ်ဟာ မိသားစုဝင်တွေအတွက် ပျော်ရွှင်စရာအချိန်တစ်ခုဖြစ်မှာဖြစ်ပြီး မိသားစုအတွင်း ပေါ့ပါးပြီး အေးချမ်း သာယာစေမှာဖြစ်ပါတယ်။ သီတင်းပတ်၏နှောင်းပိုင်းတွင် အဝေးအရပ်က ဆွေမျိုးတစ်ဦးထံမှ သတင်းကောင်းကြောင့် တစ်မိသားစုလုံးကို ပျော်ရွှင်မှုပေးလိမ့်မည်။

မိန်ရာသီခွင် – Pisces ( February 19 to February 25 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး အတွက် လေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ နေ့ရက်တိုင်းကို အပြုသဘောဆောင်သော စိတ်ဖြင့် ဖြတ်သန်းနိုင်အောင် ကြိုးစားပေးပါ။

ငွေရေးကြေးရေး အရ ကံတရား၏ အထောက်အပံ့ကို ရရှိနိုင်ပါမယ်။ ရရှိလာသော ငွေကြေး အခွင့်အလမ်းများကို အစွမ်းကုန် အသုံးချပေးပါ။ အချည်းနှီးသော ဆွေးနွေးမှုများကြောင့် မိမိ၏ အချိန်ကို မဖြုန်းတီးပါနှင့်။ ကြိုးစားအားထုတ်မှုများကို လမ်းကြောင်းမှန်ကို ထားရှိပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပိုမို သာယာလာဖွယ် ရှိနေပါတယ်။ ကြုံတွေ့နေရသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပြေပျောက်ကာ နားလည်မှုသည် ယခင်ထက် ပိုမို အားကေင်း လာပါမယ်။ လူမှုပတ်ဝန်းကျင်တွင် ပျော်ရွှင်စရာ ကိစ္စရပ်များ ရှိလာပါမယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။