စားသောက်ခြင်းနှင့်ဗေဒင်ပညာ

Astrology
စားသောက်ခြင်းနှင့်ဗေဒင်ပညာ

၁ ။ ထမင်းစားသောက်ရာတွင် ထမင်းနှင့်ဟင်းကို ဘလဗိုင် ရောနှောနယ်ဖတ် စားတတ်သောသူသည် ပေါင်းသင်းဆက်ဆံရေးတွင် ပွင့်ပွင့်လင်းလင်း ပြောဆို ပေါင်းသင်းတတ်သည် ။ အလုပ်လုပ်စရာရှိလုပ်ပြီး စားစရာရှိလည်း စားမည့်သူ ဖြစ်ပေသည် ။

၂ ။ ထမင်းပေါ် ဟင်းရည်ဆမ်းစားတတ်သော သူတို့သည် သူတစ်ပါးနှင့် ပေါင်းသင်းဆက်ဆံရာတွင် သတိယှဉ်၍ ပေါင်းသင်းတတ်သကဲ့သို့ မိမိကိုလည်း သတိဖြင့်ယှဉ်ပေါင်းသင်းတတ်သူအား နှစ်သက် သဘောကျလေ့ရှိပေသည် ။

၃ ။ ထမင်းထဲကို ဟင်းမြှုပ်စားတတ်သော သူတို့သည် အရာရာတွင် လျို့ဝှက်တတ်သည့် စိတ်နေစရိုက် ရှိတတ်ပေသည် ။

၄ ။ “ဒီဟင်းချိုကလေးက အရမ်း သောက်လို့ကောင်းလိုက်တာ ။ ဒီဟင်းကို ဘယ်လိုများ ချက်သလဲဗျ ာစားလို့ သိပ်ကောင်းတာပဲဗျာ့့့စသည်ဖြင့် စားတိုင်းအမြဲ ပြောဆိုတတ်လေ့ရှိသူတို့သည် အလှူမင်္ဂလာတကာ အိမ်တကာသို့ တက်ရောက် စားသောက်တတ်လေ့ ရှိသူများဖြစ်ပေသည် ။

၅ ။ ပလုပ်ပလောင်း စားတတ်သူတို့သည် ငွေကြေးစုစောင်း တတ်လေ့ရှိကြပေသည် ။

၆ ။ အစားအစာ:ပါးစပ်နားရောက်မှ:လျှာထုတ် ခံစားတတ်လေ့ရှိသူများသည် ခိုင်းမှလုပ်တတ်သူများ ဖြစ်ပေသည် ။

၇ ။ အစားအစာ စားသောက်ရာတွင် လက်လေးချောင်းစလုံး သွင်းထိုးပြီး စားသောက်တတ်သော သူများသည် ကပ်စေးနဲကာ တစ်ကိုယ်ကောင်းသမားများ ဖြစ်ပေသည် ။

၈ ။ အစားအစာ စားသောက်ရာတွင်:အားပါးတရ စားသောက်တတ်လေ့ရှိသူများသည် မေတ္တာစစ်မေတ္တာမှန် ဖြင့် ချစ်ခင်ကြင်နာတတ်သူများ ဖြစ်ပေသည် ။ သို့ရာတွင် လက်ဖဝါးနှင့် လက်ချောင်းများပါ အစားအစာများညစ်ပတ်ပေကျံပြီး ပါးစပ်အပြည့်အသိပ် စားသောက်တတ်သောသူများမှာမူ မိမိကလွဲ၍ မည်သူ့ကိုမျှသဒ္ဓါတရား မရှိကြသူများ ဖြစ်ပေသည် ။

၉ ။ တူဖြင့် အစားအစာစားသောက်ရာ၌ လက်ငါးချောင်းဖြင့် တူကိုစုစည်း ကိုင်တတ်သောသူတို့သည် အလုပ်သမား လူတန်းစားဖြစ်ပြီး စာပေလေ့လာ လိုက်စားတတ်လေ့မရှိသောသူများ ဖြစ်ပေသည် ။

၁၀ ။ တူနှစ်ချောင်းကို ညီညီညာညာ ထိန်းကိုင်ပြီး လက်ညှိုးနှင့် လက်ခလယ် ပူးတွဲကိုင်တတ်လေ့ရှိသူများသည် စာပေအရာမှာ ထူးချွန်ထက်မြက်ပြီး ပညာကို လေ့လာလိုက်စားတတ်လေ့ ရှိကြသူများ ဖြစ်ပေသည် ။

၁၁ ။ အစားအစာစားသောက်ရာတွင် ခက်ရင်းနှင့်ဇွန်းကို လက်မအပေါ်ကနေထား ကိုင်တတ်သော သူတို့သည် အလုပ်လုပ်ရာ၌ ပေါ့တီးပေါ့ဆ လုပ်တတ်လေ့ ရှိကြသူများဖြစ်ပေသည် ။

၁၂ ။ အစားအစာစားသောက်ရာတွင် ခက်ရင်းနှင့်ဇွန်းကို လက်မအတွင်းဘက်ကနေ ထားကိုင်တတ်သောသူတို့သည် အလုပ်လုပ်ရာ၌:တိတိကျကျ လုပ်တတ်လေ့ရှိကြသူများ ဖြစ်ပေသည်’။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။