နေ့တိုင်းရေချိုးခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်

Health Knowledge
နေ့တိုင်းရေချိုးခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်

လေ့လာသူတွေရဲ့ အဆိုအရတော့ အိမ်တွေမှာ အသုံးပြုနေတဲ့ ဘတ်တီးရီးယား ကာကွယ်ရေးဆပ်ပြာတွေနဲ့ သန့်ရှင်းရေးပစ္စည်းတွေဟာ ရိုးရိုးဆပ်ပြာထက် ရောဂါတွေကို ပိုမိုကာကွယ် ပေးနိုင်တယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရေချိုးတယ်ဆိုတာ အနံ့အသက်တွေ ကင်းစင်သန့်ရှင်းဖို့ဖြစ်ပြီး မလိုအပ်ဘဲ ခဏခဏ ချိုးနေမယ်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ရေကို မကြာခဏချိုးနေတတ်တဲ့ သူတွေဟာ အသားအရေ ခြောက်သွေ့ပြီး အက်ကွဲကာ ရောဂါပိုးတွေ ဝင်နိုင်ပါတယ်။ ဒီလို အဖြစ်များတာကတော့ အသက်ကြီးသူတွေနဲ့ အသားအရေ ပါးပြီးနုသူတွေ ဖြစ်ပါတယ်။

ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ် (George Washington University) က အရေပြားရောဂါဗေဒဆိုင်ရာ လက်ထောက်ပါမောက္ခ ဘရန်ဒန် မစ်ချယ် (Dr. C.Brandon Mitchell) က “လူအများစုက လိုတာထက် ပိုပြီး ရေချိုးနေကြတယ်” လို့ ဆိုပါတယ်။ ရေချိုးတာဟာ အရေပြားပေါ်က သဘာဝ အဆီတွေကို ဖယ်ရှားသလို ဖြစ်သွားတတ်ပြီး ခန္ဓာကိုယ်ရဲ့ ဘက်တီးရီးယားတွေ ဖယ်ရှားပေးတဲ့စနစ်ကို အနှောင့်အယှက် ပေးတယ်လို့ မစ်ချယ်က ပြောပြခဲ့ပါသေးတယ်။

ဒါ့အပြင် မစ်ချယ်က “နေ့တိုင်း ရေချိုးဖို့မလိုပါဘူး။ အနံ့ထွက်ပြီး ကြည့်လို့မကောင်းတော့တဲ့အခါ ရေချိုးပေါ့ ..လူတွေရဲ့ ခန္ဓာကိုယ်မှာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ အဆီထုတ်လွှတ်မှု စနစ်က လည်ပတ်နေပြီးသားမို့ စိုးရိမ်စရာ မရှိပါဘူး” လို့ ဆိုပါတယ်။

ရေချိုးခြင်း အလေ့အထဟာ ၁၄ ရာစုလောက်မှာ ပဲရစ် ဆေးပညာရှင်တွေက ကျန်းမာရေးအတွက် လိုအပ်တယ်လို့ အခိုင်အမာဆိုခဲ့တာကနေ ဖြစ်တည်လာတယ်လို့ ပြောဆိုကြပါတယ်။ ပူနွေးတဲ့ရေနဲ့ ရေချိုးမယ်ဆိုရင်တော့ ချွေးပေါက်တွေ ပွင့်စေသလို အကျိတ်ထွက်တဲ့ ပလိပ်ရောဂါကို ဖြစ်ပွားဖို့ ရာခိုင်နှုန်း မြင့်တက်စေတယ်ဆိုပြီး မှားယွင်းစွာ ယုံကြည်ခဲ့ကြပါတယ်။

ဒီ အယူအဆမှားကို နောက် နှစ် ၅၀၀ လောက်တိုင်အောင် ဆက်လက် အထင်မှား ယုံကြည်ခဲ့ကြတယ်လို့ ဆိုပါတယ်။အခုအခါတော့ လူတွေဟာ ရေပုံ မှန်ချိုးလေ့ရှိပြီး ပုံမှန် ရေချိုးခြင်းဟာ အရေပြားအတွက် ကျန်းမာပြီး ရေဓာတ်ကြွယ်ဝနေစေကာ လွတ်လပ်တဲ့ ခံစားမှုကို ရရှိစေတယ်လို့ ယုံကြည်နေကြပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။