ကျန်းမာရေးမကောင်းသူများအတွက်

Astrology
ကျန်းမာရေးမကောင်းသူများအတွက်

ကျန်းမာရေးမကောင်းသူများ ….ရောဂါဝေဒနာခံစားနေရသူများ အောက်ပါယတြာကို ပြုလုပ်နိုင်ပါသည် ….အနာနှင့်ဆေးအပ်စပ်ပြီး အမြန်ဆုံးသက်သာ ကျန်းမာခြင်းကောင်းကျိုးကို အမြန်ဆုံးခံစား ရတတ်ပါသည် ……

မိမိအသက်ကိုတည်ပါ ။ မိမိ၏မွေး နေ့နံဂြိုဟ်သက်ကို ထည့်ပေါင်းပါ။ ရလာသော ပေါင်းလာဒ်ကို ၃နဲ့မြှောက်ပြီး ၇ဖြင့်စားပါ ။

ဥပမာ… တနင်္ဂနွေသား အသက် ၄၅နှစ်။ ၄၅+၆= ၅၁x၃=၁၅၃
၁၅၃ကို ၇ဖြင့်စား….၆ကြွင်း။

၁ကြွင်းလျှင်…..ဘုရားမှာဆီမီးသက်စေ့လှုပါ။
၂ကြွင်းလျှင်…..ဘုရားရုပ်ပွားတော်ကိုရွှေချပါ။
၃ကြွင်းလျှင်…. အဓိဌာန်သက်စေ့ဝင်ပါ။
၄ကြွင်းလျှင်…..ငါးသက်စေ့လွှတ်ပါ။(စီးဆင်းနေသော မြစ်ချောင်းများတွင်သာလွှတ်ရမည်)
၅ကြွင်းလျှင်…..ဘုရားကိုးဆူအလှုလုပ်ပါ။(အိမ်မှာ ဆွမ်း ရေတော် ဆီမီး ကိုးခုစီလှု)ဂုဏ်တော်ကိုးပါးပူဇော်။
၆ကြွင်းလျှင်…..မိမိအိပ်ယာပြောင်းအိပ်ပါ။
၀ကြွင်းလျှင်…. ဝေဒနာမလွတ်ကင်းနိုင်ပါ။ ဗုဒ္ဓယတြာများ ဖြစ်သာ ငါးလွှတ်… ညောင်ထောက်… လမ်းခင်း စတာတွေပြုလုပ်ပါ။

မှတ်ချက်..ကျန်းမာရေးကောင်းနေသူ မတွက် မလုပ်ရ။

ဂြိုဟ်သက်များ

တနင်္ဂနွေ =၆နှစ်
တနင်္လာ=၁၅နှစ်
အင်္ဂါ=၈နှစ်
ဗုဒ္ဓဟူး=၁၇နှစ်
စနေ=၁၀နှစ်
ကြာသပတေး=၁၉နှစ်
ရာဟု=၁၂နှစ်
သောကြာ=၂၁နှစ်

ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…

ရေးသားသူ –ဆရာမဇာဇာ (ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။