ရှားမီးဗေဒင်ဟောကိန်း

Astrology

ရှားမီးဗေဒင်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှားမီးဗေဒင်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှားမီးဗေဒင်ဟောကိန်း

ဗေဒင်ဆရာများ လက်မလွှတ်ကြသော ရှားမီးဗေဒင်ဟောကိန်းကို ရေးသားတင်ပြအပ်ပါ သည်။ဤတွက်နည်းသည် ထိရောက်မှုရှိသည့် အပြင် မှန်ကန်မှုလည်းရှိပါသည်။ ဗေဒင်တွက်လိုသူ ၏ ရောက်သက်နှင့်မွေးနေ့ကိုသိလျှင် တွက်၍ရပါ သည်။

ဤအင်္ဂဝိဇ္ဇာပညာရပ်မှာ ရောက်သက်အပိုင်း အခြားတွင် စုတ်ကိန်းလား၊ လာဘ်ကိန်း လား၊ ယာယီကိန်းလား၊ အနာရောဂါကိန်း လားဆိုသည်ကို ခွဲခြားသိမြင်နိုင်အောင် ဟောကြား သောနည်းဖြစ်ပေရာ လျှောက်လှမ်းရမည့်ဘ၀ခရီး တွင် လက်ကိုင်ပြုနိုင်သည့်အကျိုးရှိမည့်တွက်နည်း ကောင်းတစ်ခုဖြစ်ပေသည်။

ရှားမီးဗေဒင်ဟောကိန်းအတွက် ဇယားချရန် လင်္ကာမှာ (ဧ၊ ကော၊ ဗု၊ ဓော၊ သိ၊ လော၊ ရာ၊ ဇာ) ဖြစ်ပါသည်။ အဋ္ဌလဂ်ခွင်တွင် လင်္ကာ အတိုင်း အရှေ့မြောက်ထောင့် တနင်္ဂနွေအိမ်ကစ၍ ဂဏန်းချကာ လက်ယာရစ် ရေးရပါသည်။

တွက်နည်းမှာ- – –

(၁) ရောက်သက်ကိုတည် ၈ နှင့်စားပါ။ အကြွင်းကို ယူပါ။

(၂) မွေးနံမြင်ရာမှစ၍ အကြွင်းအရေအတွက် အရ လက်ယာရစ်လှည့်၍ထောက်ပါ။

(၃) အကြွင်းအရေအတွက်ကုန်လျှင်ရပ်၍ ရောက်ရာအိမ်၏ဂဏန်းကိုကြည့်ပါ။

က။ ၁-တွင်ကျပါက အိုသူကိန်း၊

ခ။ ၂-တွင်ကျပါက ကောလီကိန်း၊

ဂ။ ၅-တွင်ကျပါက မီးရှားကိန်း၊

ဃ။ ၀-တွင်ကျပါက ထွေစောကိန်း၊

င။ ၆-တွင်ကျပါက သူအိုကိန်း၊

စ။ ၄-တွင်ကျပါက လီကောကိန်း၊

ဆ။ ၈-တွင်ကျပါက ရှားမီးကိန်း၊

ဇ။ ၃-တွင်ကျပါက စောထွေကိန်း…ဟူ၍ ကိန်း ရှစ်မျိုးရသည်။

တွက်နည်း နမူနာ(၁)

အသက်(၆၂)ရှိ အင်္ဂါသားသမီးတစ်ယောက် ကို တွက်ကြည့်ပါက-
၆၂ ၈= ၆ ကြွင်းသည်။ မွေးနံအင်္ဂါဖြစ်၍ ၃ မှစကာ လက်ယာရစ်တစ်ကြိမ်မှ အကြွင်းအရေ အတွက် ၆ ကြိမ်အထိ ရောက်အောင်ထောက်၍ ရေတွက်ကြည့်ပါက ၆ တွင်ကျမည်။ ၆ တွင်ကျ လျှင်သူအိုကိန်းရောက်နေသည်ဟုမှတ်ယူရမည်။

တွက်နည်း နမူနာ(၂)

အသက်(၅၂)ရှိ စနေသားသမီးတစ်ယောက် ကို တွက်ကြည့်ပါက-
၅၂ ၈= ၄ ကြွင်းသည်။ မွေးနံ စနေဖြစ်၍ သုည(၀)မှစကာ လက်ယာရစ်တစ်ကြိမ်မှ အကြွင်း အရေအတွက် ၄ ကြိမ်အထိ ရောက်အောင် ထောက်၍ ရေတွက်ကြည့်ပါက ၈ တွင်ကျမည်။ ၈ တွင်ကျလျှင် ရှားမီးကိန်းရသည်။

တွက်နည်း နမူနာ(၃)

အသက်(၃၂)ရှိ ရာဟုသားသမီးတစ်ယောက် ကို တွက်ကြည့်ပါက-
၃၂ ၈= ၀ ကြွင်းသည်။ မွေးနံရာဟုဖြစ်၍ ၈ ရာဟုအကွက်မှ နောက်သို့တစ်ကွက်ဆုတ်သော အခါ ၄ တွင်ကျရာ လီကောကိန်းရပါသည်။
လွယ်ကူရှင်းလင်းစေရန် အသင့်တွက်ပြီးသား ရှစ်ရက်သားသမီးများအတွက် ရှားမီးကိန်းဇယားကို ပူးတွဲတင်ပြထားပါသည်။

ဇယားကြည့်နည်း

အသက်(၆၂)နှစ်ရှိ အင်္ဂါသားသမီးကို ကြည့် လိုပါက(၆၂)နှစ်သည်အကြွင်း ၆ တွင်ပါဝင်ကြောင်း တွေရမည်။ အကြွင်း ၆ သည် အကွက်အောက် တည့်တည့်နှင့်အင်္ဂါသားသမီးအတွက် အတန်းဆုံရာ အကွက်တွင်ကြည့်ပါက သူအိုကိန်းတွင်ရောက်နေ ကြောင်း တွေ့ရမည်။

ဆက်လက်ဖော်ပြမည့်ဟောကိန်းများတွင် စောထွေဟောကိန်း၊ သူအိုကိန်း၊ ကောလီကိန်းနှင့် ရှားမီးကိန်းဟူ၍ ဗေဒင်အဟော လေးမျိုးပါဝင်မည်။
စောထွေကိန်းနှင့် ထွေစောကိန်းသည် ယေဘုယျ အားဖြင့် အဟောများ တူညီပါသည်။

ထို့အတူ သူအိုကိန်းနှင့်အိုသူကိန်း၊
ကောလီကိန်းနှင့်လီကော ကိန်း၊
ရှားမီးကိန်းနှင့်မီးရှားကိန်းတို့ အသီးသီး အဟောချင်းတူညီကြပါသည်။
စောထွေ၊ သူအို၊ ကောလီ၊ ရှားမီး တိုက်ရိုက် ကျရောက်ပါက ဖော်ပြရေးသားထားသည့်အဟော အတိုင်းဖြစ်ပါသည်။

ထွေစော၊ အိုသူ၊ လီကော၊ မီးရှားဟု ပြောင်းပြန်ကျရောက်ပါက ထိုအဟောများ ထက် အကျိုးပေးမှု အနည်းငယ် အားနည်းခြင်းရှိကာ ဖြစ်ပေါ်လိမ့်မည်။ ကောင်းကျိုး၊ ဆိုးကျိုးအရှိန်အဟုန် လျော့နည်းမှုရှိမည်။

စောထွေကိန်း= ထွေစောအဟော

စောထွေကိန်း ကျရောက်ပါက စောထွေ နွဲ့နှောင်း စုတ်ကောင်းနဂိုရ်ဟူသည့်အဆိုရှိပေ ရာ အချစ်ရေးကိစ္စဖြစ်ပေါ်ကိန်းရှိသည့်ကာလပင်ဖြစ် ပေသည်။ စုတ်ကောင်းသောနှစ်ဖြစ်ပေသည်။ ပညာ ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စတို့နှင့်ပတ် သက်၍ဆောင်ရွက်ရင်း အချစ်ရေးကိစ္စများကြုံနိုင် သည်။ အချစ်ရေး၊အိမ်ထောင်ရေးတို့တွင်ကံကောင်း သောနှစ်ဖြစ်၏။ အချစ်သစ်တွေ့ရတတ်သည်။ မိတ် ဆွေသစ်များ ကြုံဆုံရမည်။

မိမိကြံစည်သမျှကိစ္စ များ အောင်မြင်မှုရနိုင်မည်။ ကူညီမစမည့်သူများ လည်းတွေ့ရမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးများ တိုးတက်ရတတ်သည်။ စီးပွားရေးကုသိုလ်ကံလည်း ကောင်းမည်။ ယခုနှစ်အပိုင်းအခြားတွင် တွေးတော ကြံဆ၍လုပ်ကိုင်ပါ။ လုပ်ငန်းများတိုးချဲ့နိုင်မည်။ လုပ်ငန်းသစ်များလည်း ထူထောင်နိုင်မည်။ အခွင့် ကောင်းများကြုံတွေ့၍ ဘ၀အဆင့်အတန်းမြင့်မား လာမည်။

လူမျိုးခြားများနှင့်လည်း အကျိုးဖြစ်ထွန်း နိုင်သည်။ အခြွေအရံ ပေါများတတ်သည်။ ပစ္စည်း ဥစ္စာဝင်တတ်သည်။အထူးသဖြင့်အရှေ့တောင်အရပ် မှ လာဘ်ကြီးများရတတ်သည်။ သူတော်စင်များဖြစ် လျှင် တရားထူးများရတတ်သည်။ ဤနှစ်သည် အစစအရာရာ အောင်မြင်တိုးတက်နိုင်သည့် ကံကောင်းသောနှစ်ပင် ဖြစ်ပါသည်။

သူအိုကိန်း= အိုသူ ကိန်း အဟော

သူအိုကိန်းကျသောနှစ်တွင် ညံ့သည်ဟု ယေဘုယျ အဟောထွက်ပေမည်။ အိမ်ရာအတည် တကျမရှိခြင်း(သို့မဟုတ်)ခရီးယာယီများခြင်းရှိမည်။ ဤနှစ်တွင် အခက်အခဲများ၊ ပြဿနာများကို ခဲရာ ခဲဆစ် ကျော်ဖြတ်ရတတ်ပါသည်။ စီးပွားရှာဖွေမှု ဆိုင်ရာတွင် အကွေ့အကောက်များကြုံတွေ့ကာ မျက်စိလည် လမ်းမှားနိုင်သည်။

ဤနှစ်တွင် ကံစမ်းမဲ၊ လောင်းကစားများတွင် လည်း လုံး၀အကျိုးမရှိနိုင်သည်ကို သတိပြုရမည်။ ရသမျှငွေကြေးများ ကုန်ဆုံးတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးနှင့်လူမှုဆက်ဆံရေးတို့တွင်စိတ်တိုင်းကျ မဖြစ်နိုင်ပါ။

စိတ်အာရုံများ ထွေပြားနေမည်။ တစ်ခုခု ကို အာရုံမစိုက်နိုင်ဘဲ လုပ်ချင်သည့်ကိစ္စများပြား၍ ဝေဝါးနေမည်။ မဖိတ်ခေါ်ဘဲ ပြဿနာများဝင်လာ တတ်သည်။ မထင်မှတ်ဘဲ သူတစ်ပါး၏အစွပ်စွဲခံရ တတ်သည်။ စိတ်နှလုံး မသာမယာရှိမည်။ မမျှော် လင့်ဘဲ အနာရောဂါများလည်း ကပ်ငြိတတ်သည်။

ပစ္စည်းဥစ္စာလည်း ပျောက်ရှတတ်သည်။ အဆင်မသင့်လျှင် အမှုကိစ္စဖြစ်ရတတ်သည်။ အင်္ဂါ အရပ်(ခေါ်)အရှေ့တောင်ထောင့်အရပ်က ရန်ရှိတတ် သည်။ သတိတမံ ဉာဏ်မြေကတုတ် ပညာ ချွန်းနှင့်အုပ်ဟူ၍ နေထိုင်ခြင်းဖြင့်သာ ကံကောင်း နိုင်မည်။

မိမိအိမ်မှ တစ်ရပ်တစ်ကျေးသို့ ခရီးရက် ရှည် သွားရမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါ သည်။ ခရီးသွားပြီးလျှင် အညံ့များသက်သာသွား မည်။ ယတြာအဖြစ် ဘုရားဖူးခရီးလည်း ထွက်နိုင် ပါသည်။

ကောလီကိန်း= လီကောကိန်းအဟော

စုတ်ကြီးလာဘ်ကြီးဝင်မည်။ယောက်ျားဖြစ်က မိန်းမလှလှ ရတတ်သည်။ မိန်းမဖြစ်က ခန့်ညား ၍အားကိုးရသောခင်ပွန်း ရတတ်သည်။ ပစ္စည်းဥစ္စာ၊ ရတနာရွှေငွေ ဝင်တတ်သည်။ အလှူအတန်းပြုရ တတ်သည်။ လူကြီးမိဘ၊ အကြီးအကဲ၊ဆရာသမား များ၏ ကူညီစောင်မမှုကို ခံစားရတတ်သည်။

အရှေ့အရပ်၊ တောင်အရပ်များမှကူညီစောင့်ရှောက် မည့်သူများ ပေါ်လာတတ်သည်။ ကံကောင်းသော အသက်အပိုင်းအခြားပင် ဖြစ်ပါသည်။ စီးပွားရေး ကိစ္စများ အောင်မြင်ဖွံ့ဖြိုးနိုင်မည်။ ဝင်ငွေများကောင်း မွန်လာမည်။ ထီဆုကြီးပေါက်ကိန်းကြုံရတတ်သည်။

ဤနှစ်သည် အထူးလာဘ်ပွင့်သောနှစ်ဖြစ်ပါ သည်။ အဖိုးတန်ပစ္စည်းရခြင်း၊ ဥယျာဉ်ခြံမြေ တိုက် တာ ယာဉ်ကားတို့ ရရှိတတ်ခြင်းများကြုံရနိုင်သည်။ လုပ်ငန်းတိုးချဲ့ခြင်း၊ လုပ်ငန်းသစ်ထူထောင်ခြင်း၊ ကုန်ရောင်းကုန်ဝယ် ကုန်လှောင်စသည့်လုပ်ငန်းများ အောင်မြင် အကျိုးဖြစ်ထွန်းနိုင်မည်။

စီးပွားရှာက ဖြစ်ထွန်းနိုင်သလိုပင် ပညာရှာသူများအနေနှင့်လည်း ပညာကောင်းများ၊ အဆင့်မြင့်ပညာရပ်များ၊ နိုင်ငံ ရပ်ခြားဆက်သွယ် ပညာရှာခြင်းများ တိုးတက်ဖြစ် ထွန်းနိုင်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးတို့ သာယာမည်။ မိမိထက်သာသော၊ အားကိုးရသော ချစ်သူတွေ့ရတတ်သည်။ သို့သော်လည်း ဤနှစ် တွင် မူးယစ်သောက်စား ပျော်ပါးခြင်းဖြင့် အချိန် ဖြုန်းတီးပါမူ အဆိုးဘက်သို့ဦးတည်သွားတတ်၍ သတိပြု ဆင်ခြင်ရပေမည်။

ရှားမီးကိန်း= မီးရှားကိန်းအဟော

ရှားမီးသက်ရောက်သောနှစ်သည် အထူးညံ့ သည်ဟု ဆိုရပေမည်။ ရှားမီးခဲ ရင်ဝယ်ပိုက်ထားရ သကဲ့သို့ ပူလောင်သောက ရောက်ရတတ်သည်ဟု အဆိုရှိ၏။ ဤနှစ်တွင် အနာရောဂါ၏နှိပ်စက်မှုကို လည်း ခံရတတ်သည်ကို သတိပြုသင့်သည်။ အမှု အခင်းဖြစ်ကိန်းလည်း ရှိပေသေးရာ ကံခေသောနှစ် ဖြစ်၏။

သူတစ်ပါး၏အစွပ်စွဲခံရတတ်သည်။ တရား တပေါင်ဖြစ်တတ်သလို အဆင်မသင့်လျှင် အချုပ် အနှောင်ခံရတတ်သည်။ ပစ္စည်းပျောက်ပျက်ဆုံးရှုံး တတ်သည်။ ခိုးသူ၊ မီးဘေး စသည့်ရန်သူမျိုးငါးပါး နှောင့်ယှက်ဖျက်ဆီးမှုခံရနိုင်သည်။

ဤအသက်အပိုင်းအခြားတွင် အပြောအဆို၊ အနေအထိုင်၊ အသွားအလာ အထူးဆင်ခြင်သင့် သည်။ စီးပွားရေးအတွက် စွန့်စား၍သွားရသည့် ခရီးမျိုးကို ရှောင်ကြဉ်သင့်၏။ ရွှေတွင်း၊ သတ္တုတွင်း၊ ကျောက်တွင်းသို့ သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်ပ ခရီးထွက်ခြင်း၊ တရားမဝင် စွန့်စားရသည့်ကိစ္စလုပ် ကိုင်ခြင်းတို့တွင် စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိနိုင်သည်။

ထိခိုက်ဒဏ်ရာရတတ်သည်။ အသက်ဘေးနှင့်တွေ့ ရတတ်သည်။ အသက်မthayသော်လည်း ကြေကွဲ ဝမ်းနည်းဖွယ်ရာ ပူပင်သောကနှင့်ကြုံရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင်လည်း လမ်းခွဲရ တတ်သည်။

ဤရှားမီးကျသောနှစ်တွင် ဘုန်းကြီး ရဟန်းပင် လူထွက်ရကိန်း ရှိနိုင်သည်။ ယခုနှစ်တွင် လောင်းကစား၊ အသောက်အစား၊ အပျော်အပါး ရှောင်ရန် လိုသည်။ သို့မဟုတ်ပါက ဘေးဒုက္ခ၊ ရောဂါတစ်စုံတစ်ရာ ကပ်ငြိနှိပ်စက်တတ်သည်။ ခိုက်ရန်ဒေါသ ဖြစ်တတ်သည်။

ဤနှစ်တွင် ဘုရား၊ တရားဆည်းကပ်ပါ။ အနန္တငါးပါးကို မမေ့ပါနှင့်။ ဥပုသ်သီတင်းစောင့်ထိန်း ပါ။ ကောင်းမှုကုသိုလ်ပြုပါ။

ဗုဒ္ဓယတြာချေပေးရန် လိုပါသည်။ တန်ခိုးကြီးဘုရားတွင် ရာဟုထောင့်၌ ရှားမီးသက်စေ့ပူဇော်၍ ယတြာပြုပါမှ ချမ်းသာရာရ ပါလိမ့်မည်။(ရှားမီးပူဇော်လိုပါက ဘုရားတန်ဆောင်း တွင် နိဗ္ဗာန်ကုန်သည်များထံ၌ ရှားမီးပူဇော်လို ကြောင်းပြောလျှင် အသင့်ပြုလုပ်ပြီး ရနိုင်ပါသည်။

အနေတော် ရှားချောင်းကို အမွှေးတိုင်အရွယ်၊ လက် ချောင်းအရှည်ခန့် ချိန်ဆဖြတ်တောက်၍မိမိသက်စေ့ ရေတွက်ပြီး ဘုရားတွင် ရာဟုထောင့်၌ဖယောင်း တိုင်များ အတွင်း၊ အပြင် ညှပ်၍မီးပူဇော်ပါ။ အညံ့ များ ပျောက်ကင်းသက်သာသွားပါမည်။ မိမိအဆင် ပြေသောရက်တွင် ယတြာပြုလုပ်နိုင်ပါသည်။ တတ် နိုင်လျှင် မိမိမွေးနေ့၌ ပြုလုပ်ပါ)။

ရေးသားသူ – ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။