ဦးခေါင်းမှ အမြီးအထိ ဆက်နေတဲ့ နှစ်သန်း ၇၀ သက်တမ်းရှိ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

International News
ဦးခေါင်းမှ အမြီးအထိ ဆက်နေတဲ့ နှစ်သန်း ၇၀ သက်တမ်းရှိ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

ဦးခေါင်းခွံနောက်ပိုင်းကနေ အမြီးအထိ ဆက်နေတဲ့ ရှားပါး ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သမိုင်းအကြို သက်ရှိများရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဒါမီယန်ဘိုရှက်တိုက ၂၀၂၂ ခုနှစ် မေလမှာ တွေ့ရှိခဲ့တာပါ။ ဘိုရှက်တိုဟာ သူ့ရဲ့ခွေးနဲ့အတူ မွန်တိုလီယာဒေသမှ တောအုပ်ထဲမှာ လမ်းလျှောက်ထွက်လာတုန်း မြေပြိုကျတဲ့ တောင်စောင်းတစ်ခုကို သတိထားမိခဲ့ပါတယ်။

အဲဒီတောင်စောင်းကို အနီးကပ်ကြည့်မိချိန်မှာ မြေထဲကနေ ထိုးထွက်နေတဲ့ အရိုးစုကို တွေ့ခဲ့တာပါ။ ဘိုရှက်တိုဟာ ပြင်သစ်နိုင်ငံ သိပ္ပံသုတေသနဆိုင်ရာ အမျိုးသားစင်တာမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူတွေ့ရှိခဲ့တဲ့ အရိုးစုကို စစ်ဆေးရာမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၀ မှ တိုင်တန်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းလို့ ခွဲခြားဖော်ထုတ်နိုင်ခဲ့တာပါ။ ၁၀ မီတာနီးပါး ရှည်လျားတဲ့ ဒီရုပ်ကြွင်းဟာ အဲဒီအချိန်ကာလမှ ဂေဟစနစ်ကို နားလည်စေနိုင်ပြီး သိပ္ပံသုတေသနအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ တွေ့ရှိမှုတစ်ခုလို့ ဘိုရှက်တိုက ဆိုပါတယ်။

အရိုးတွေဟာ သူ့ရဲ့ခန္ဓာဗေဒအတိုင်း နေရာမပျက်ယွင်းဘဲ ရှိနေတာကလည်း ထူးခြားပါတယ်။ အခုတွေ့ရှိရတဲ့ တိုင်တန်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကို ခရူဇီပြတိုက်ရဲ့ ဓာတ်ခွဲခန်းထံ ပို့ဆောင်ထားပြီး ဆက်လက်လေ့လာမှုတွေ လုပ်သွားမှာပါ။
အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိခဲ့တဲ့ ခရူဇီရွာဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တိရစ္ဆာန်အရိုးစုတွေနဲ့ အခြားကျောက်ဖြစ်ရုပ်ကြွင်း အများအပြား တွေ့ရှိခဲ့ဖူးပါတယ်။ အဲဒီနေရာကနေ တိုင်တန်နိုဆောနဲ့ ပုံစံတူတဲ့ အပင်စားသတ္တဝါ Rhabdodon ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလည်း တူးဖော်တွေ့ရှိခဲ့ဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။