Elon Musk ရဲ့ Neuralink က ကွန်ပြူတာကို ထိန်းချုပ်နိုင်တဲ့ Chip ကို လူ့ ဦးနှောက်မှာ ပထမဆုံး အကြိမ် ထည့်သွင်းနိုင်ပြီ

Local News
Elon Musk ရဲ့ Neuralink က ကွန်ပြူတာကို ထိန်းချုပ်နိုင်တဲ့ Chip ကို လူ့ ဦးနှောက်မှာ ပထမဆုံး အကြိမ် ထည့်သွင်းနိုင်ပြီ

Elon Musk ဟာ အကြံကြီးတဲ့ နည်းပညာ ဂုရုကြီး ဖြစ်ပါတယ်၊ သူဟာ အာကာသကို နယ်ချဲ့ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်၊ သူ့ရဲ့ ကြီးမားတဲ့ နောက်ထပ် အကြံ တစ်ခုက ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ Chip ကို လူတွေရဲ့ ဦးနှောက်ထဲမှာ ထည့်သွင်းဖို့ ဖြစ်ပါတယ်၊ လွယ်လွယ်ပြောရရင် လူ ၁ ယောက်ဟာ ဦးနှောက်ကနေ စဉ်းစား သို့မဟုတ် အမိန့်ပေးလိုက်တာနဲ့ ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

သူဟာ အဲဒီ နည်းပညာကို တီထွင်ဖို့ Neuralink ကုမ္ပဏီကို တည်ထောင်ထားပါတယ်၊ ဒီနည်းပညာကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ထားပေမယ့် လူသားတွေမှာ မစမ်းသပ်ခဲ့ရသေးပါဘူး၊ Neuralink ဟာ အမေရိကန် FDA ထံကနေ လူ့ ဦးနှောက်မှာ Chip ထည့်သွင်းခွင့်ကို ပြီးခဲ့တဲ့နှစ်မှာ ရရှိခဲ့ပါတယ်။

အခုတော့ Elon Musk က အဲဒီ Wireless Brain Chip ကို လူ့ ဦးနှောက်မှာ ပထမဆုံး အကြိမ် ထည့်သွင်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်၊ သူက အဲဒီ လူဟာ ကျန်းမာရေး ကောင်းမွန်နေပြီး အစောပိုင်း ရလဒ်တွေက ကောင်းနေတယ်လို့ X (Twitter) မှာ ရေးသားထားပါတယ်။

Musk က “ ဦးနှောက်ကနေ စဉ်းစား သို့မဟုတ် အမိန့်ပေးလိုက်တာနဲ့ ဖုန်း၊ ကွန်ပြူတာနဲ့ Device အားလုံးနီးပါးကို ထိန်းချုပ်နိုင်ပါတယ်၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသူတွေအတွက် ဒီနည်းပညာကို အစောဆုံး အသုံးပြုခွင့်ပေးမှာပါ၊ “ လို့ ပြောပါတယ်၊ အာရုံကြော သေနေသူတွေအတွက်လည်း ဒီနည်းပညာက အသုံးဝင်လာမှာပါ။

Ref : Theverge
Credit to owner

ရေးသားသူ –Info Tech Computer

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။