ရဲယိုရွက် အသုံးဝင်ပုံ

Health Knowledge
ရဲယိုရွက် အသုံးဝင်ပုံ

အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ ရဲယိုရွက် သည်ခါး၏။စဉ်းငယ် ပူ၏။လေနှင့် ဝမ်းကို ရွှင်စေ တတ်၏။သွေးကို တက်ကြွစေ၏။ရဲယိုသီး သည်ပူစပ် သောအရသာ ရှိ၍ စဉ်းငယ် ချဉ်၏။သွေး၊သည်းခြေ၊လေ၊သလိပ် တို့ကို နိုင်၏။အစာ မကြေ၊လေနာ၊ သည်းခြေနာ တို့ကို နိုင်၏။

အသုံးပြုပုံ

အရွက်

၁။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ဝမ်းဗိုက်နာ ရောဂါ၊အာခေါင် ပူလောင် သောရောဂါ၊သည်းခြေ ဖောက်ပြန်သော ရောဂါနှင့်သွေးတိုး ရောဂါ ပျောက်ကင်း၏။

၂။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်သည်။

၃။ ရဲယိုရွက် ကို သုပ်စားပါက

နို့ချောင်းပိတ် ရောဂါနို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါဝမ်းရစ်နာ ခြင်းနှင့်နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။

၄။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေ၏။

အသီး

၁။ ပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။

၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။

၃။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။

credit:မြန်မာတိုင်းရင်းဆေး

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။