၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ မှ မတ်လ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ မှ မတ်လ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( March 18 to March 24 )
===============================================

အကယ်၍ အတိတ်ကာလတွင် အစာမကြေခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အဆစ်အမြစ်ရောင် ရောဂါ ဝေဒနာ ခံစားနေရပါက ယခုအပတ်တွင် သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် အအေးမိခြင်း စသော အသေးအဖွဲ့ ပြဿနာများ ဖြစိပေါ်နိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ရန် အကြံပြုလိုပါတယ်။

ငွေကြေးအရ ကျပ်တည်းမှု အခြေအနေများမှ လွတ်မြောက်နိုင်ရန် ကြိုးစားပေးရပါမယ်။ ကုန်ကျစရိတ်များကြောင့် မသက်မသာ ဖြစ်စေနိုင်ပါမယ်။ အိမ်ပြင်ဆင်မှု အတွက် ငွေကြေးအချို့ သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း အိမ်တွင်းမှု ကိစ္စများနှင့် အတူ လူမှုရေး ပွဲများတွင် ပိုမို အားတက်သရော လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် ခရီးရှည် သွားတာရတတ်ပါတယ်။ မိမိ၏ အပြုအမူကို မကြာခဏ သုံးသပ်ပေးပါ။

ပြိဿရာသီခွင် – Taurus ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကိုယ်ခံအား ကောင်းမွန်ကာ နာတာရှည် ရောဂါများမှ သက်သာရာ ရရှိစေပါမယ်။ စိတ်ရွှင်လန်းချမ်းမြေ့ကာ အေးချမ်းမှုများ ရှိနေပါမယ်။

ငွေရေးကြေးရေးအားဖြင့် လက်ရှိ အရှိန်အဟုန်ကို ထိန်းထားပါ။ အားထုတ်မှု အနည်းငယ်ဖြင့် အမြတ်အစွန်းကောင်းများ ရရှိနိုင်ပါမယ်။ ငွေကြေးများကို အတိုင်းအတာ တစ်ခု အထိ စုဆောင်းနိုင်ပါမယ်။

သို့သော် ဤကာလအတွင်း စိတ်အဆင်‌မပြေမှုကြောင့် မိသားစု ဘဝတွင် အတိုက်အခံများ ဖြစ်ပေါ်နိုင်ပါမယ်။ စိတ်အလိုလိုက်တာ ဒေါသတကြီး ပြုမူခြင်းများ မပြုလုပ်ပါနှင့်။ ဒါကြောင့် မည်သည့် အရာကိုမျှ မတုံ့ပြန်ခင် သေချာ စဉ်းစားပါ။

မေထုန်ရာသီခွင် – Gemini ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အထူး စိုးရိမ်စရာ မလိုအပ်ပေ။ သို့သော် သတိမမူခြင်းကြောင့် မတော်တဆ ဖြစ်ပွားနိုင်ဖွယ် ရှိနေသောကြောင့် သတိထားပေးပါ။ အထူးသဖြင့် ယာဉ်မောင်းနှင်ရာတွင် ဂရုစိုက်ရန် အကြံပြုလိုပါတယ်။

ငွေကြေးအရ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးအမြတ် ထွက်ပေါ်နိုင်ပါမယ်။ မြေယာ၊ အိမ်ခြံမြေ စသော နယ်ပယ်ရှိ ပရောဂျက်များ အတွက် အထူးး ကောင်းမွန်နေပါမယ်။ ဒါကြောင့် ရရှိလာသော အခွင့်အလမ်းများကို အပြည့်အဝ အသုံးချပေးပါ။

ဤကာလအတွင်း ကောင်းမွန်သော ကံတရား ‌အပြောင်းအလဲတို့ကြောင့် မိသားစု ဘဝသို့ ပျော်ရွှင်မှုများ ပြန်လည် ရောက်ရှိလာပါမယ်။ ဒါ့အပြင် ကလေးယူလိုသော အိမ်ထောင်သည်များ အနေနှင့် သတင်းကောင်း ကြားသိရနိုင်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ရပ်ဝေးဒေသတွင် ရောက်ရှိနေကြသော ရာသီခွင်များ အနေနဲ့ အထီးကျန်မှုနှင့် အတူ စိုးရိမ်ပူပန်မှုများ ခံစားနေရတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ ငွေကြေး ထောက်ပံ့မှုများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ သို့မဟုတ် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရတတ်ပါတယ်။ မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( March 18 to March 24 )
===============================================

ယခုအပတ်တွင် ကျန်းမာရေး ရှုထောင့်အရ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ အသေးအမွှား ပြဿနာများ ရှိနေနိုင်သော်လည်း ရောဂါ ကြီးကြီးမားမား ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာ အရ ယခင်ထက် ပိုမိုကျန်းမာ‌လာပါမယ်။

ငွေရေးကြေးရေးအားဖြင့် အထောက်အပံ့များ ရရှိနိုင်ပါမယ်။ ငွေကြေး အကျပ်အတည်းများမှ လွတ်မြောက်ကာ ဘဏ္ဍာရေး အခြေအနေ တိုးတက်လာပါမယ်။

သို့သော် ဤကာလအတွင်း မိသားစု ဘဝတွင် အနည်းငယ် စိမ်းကားနေနိုင်ပါမယ်။ အပြန်အလှန် ပံ့ပိုးကူညီမှု အားနည်းနေ တတ်ပါတယ်။ အထီးကျန်သော ခံစားချက်နှင့် အတူ ဝေးရာသို့ ထွက်ခွာလိုသည့် ခံစားချက်များ ဝင်ရောက်လာနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးအရ အစားအသောက်ပိုင်းကို ဂရုစိုက်ပေး ရပါမယ်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ရရှိစေရန် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်နိုင်ပါက ပိုမိုကောင်းမွန်သော ရလာဒ်များ ဆောင်ကြဉ်းပေးပါလိမ့်မယ်။

ငွေကြေးအားဖြင့် အထောက်အပံ့များ ရရှိနိုင်သောကြောင့် ယခင် ဘဏ္ဍာရေး အကျပ်အတည်းမှ လွတ်မြောက်နိုင်ပါမယ်။ စိတ်ဖိစီးမှုကို ပြေပျောက်စေရုံသာမက ငွေကြေး အ‌ခြေအနေ တိုးတက်ကောင်းမွန်လာပါမယ်။

ဤကာလအတွင်း မိတ်ဟောင်းဆွေဟောင်းတို့နှင့် တွေ့ဆုံရဖွယ် ရှိနေပါတယ်။ဒါ့အပြင် ကိစ္စ တစ်ခုခုကို မပြုလုပ်မှီ အိမ်သူအိမ်သားတို့နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

တူရာသီခွင် – Libra ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှု ရှိလာပါမယ်။ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်ပေးပါ။

ငွေရေးကြေးရေးအရ ကံတရားသည် အလွန် ကောင်းမွန်နေပါမယ်။ မိမိ၏ ဘဏ္ဍာရေး အခြေအနေကို တိုးမြှင့်ရန် အခွင့်အလမ်းများ ရရှိနိုင်သောကြောင့် အနည်းငယ်မျှပင် အားထုတ်မှုကို မလျော့ပါနှင့်။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော အငွေ့အသက်များကို မြင်တွေ့ရပါလိမ့်မယ်။ မိသားစုဝင်များနှင့် အတူ ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အပြုသဘောဆောင်သော အပြောင်းအလဲများ တွေ့မြင်ရတတ်ပါတယ်။ သို့သော် ကျန်းမာရေးနှင့်အညီ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် အတိတ်ကာလတွင် ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် သတိထားပေးရပါမယ်။ မည်သည့် ဆုံးဖြတ်ချက်ကိုမျှ အလျင်စလို မလုပ်ဘဲ တွေးဝောာဆင်ခြင်ပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုနှင့်သာ အဆုံးသတ်ရပါလိမ့်မယ်။

အကယ်၍ မိသားစုဝင်များကြားတွင် အဆင်မပြေ ဖြစ်ခဲ့ပါက ယခုအပတ်တွင် ပြန်လည် ကောင်းမွန်လာပါမယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အတူ အခြားသော နေရာဒေသသို့ သွားလာရနိုင်ခြေ ရှိနေပါတယ်။

ဓနုရာသီခွင် – Sagittarius ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ထွက်ပေါ်လာပါမယ်။ အသေးအမွှား ပြဿနာများ ဖြစ်ပေါ်နိုင်သော်လည်း ကြီးကြီးမားမား ဝေဒနာများနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယခင်ထက် ပိုမို ကျန်းမာလာပါမယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ မိမိကြိုးစား အားထုတ်သလောက် အကျိုးခံစားခွင့် ရရှိနိုင်ပါမယ်။ ဒါ့အပြင် ငွေကြေး ကူညီထောက်ပံ့မှုများလည်း ရှိနေပါမယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အတက်အကျများ ရှိနေတတ်ပါတယ်။ အထူးသဖြင့် မိမိချစ်ခင်ရသူနှင့် မိသားစုဝင်များ အကြား အငြင်းပွားမှု အချို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြဿနာများကြားတွင် ‌ညှိနှိုင်းဖြေရှင်းရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှု ရှိလာပါမယ်။ သို့သော် ဘဝနေထိုင်မှု ပုံစံကြောင့် အတက်အကျများလည်း ဖြစ်ပေါ်နိုင်သည်ကိုလည်း သတိထားပေး ရပါမယ်။ စိတ်ပ်ိုင်းဆိုင်ရာ လွတ်လပ်မှုအတွက် အချိန် အနည်းငယ် ပေးပါ။

ငွေကြေးအားဖြင့် နယ်ပယ်များစွာမှ ဝင်ငွေများ ရရှိနိုင်ပါမယ်။ အတိတ်ကာလ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ သို့သော် မိသားစု ကုန်ကျစရိတ်များ တိုးလာခြင်းကြောင့် ငွေစုရန် ခက်ခဲနေတတ်ပါတယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပြဿနာအချို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် မိသားစုအတွင်း အပြုအမူ အချို့ကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်စေနိုင်ပါမယ်။ အခန့်မသင့်ပါက ငြင်းခုံမှုတို့နှင့်သာ အဆုံးသတ် ရနိုင်ခြေ ရှိနေပါတယ်။

ကုမ်ရာသီခွင် – Aquarius ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အနည်းငယ် အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အခြားသူများနှင့် အငြင်းပွားမှုတို့ကြောင့် စိတ်ဖိစီးမှုများ တိုးပွားလာနိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် မတူညီသော နယ်ပယ်များတွင် ငွေကြေး သုံးစွဲရတတ်ပါတယ်။ ငွေကြေး ပြတ်တောက်မှုနှင့် အတူ ရုန်းကန်နေရနိုင်ပါမယ်။ ဒါကြောင့် အစောပိုင်းကတည်းက မှန်ကန်သော ငွေကြေး ဗျူဟာကို ရေးဆွဲထားပေးပါ။ သို့မှသာ အသုံးစရိတ်များကို ထိန်းချုပ်နိုင်ကာ သက်သာရာ ရရှိပါလိမ့်မယ်။

ဤကာလအတွင်း ကလေးငယ် ရှိကြသော Aquarius ရာသီခွင်များ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ မိမိကလေးငယ်၏ သဘောထားကို နားလည်သဘောပေါက်အောင် ကြိုစားပေးပါ။

မိန်ရာသီခွင် – Pisces ( March 18 to March 24 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး အရ ပြဿနာများစွာကို ကျော်လွှားနိုင်ပါလိမ့်မယ်။ သို့သော် မိမိ၏ စွမ်းအင်ကို အလုပ်များစွာတွင် သုံးစွဲမည့်အစား လိုအပ်သည့် အလုပ်များကိုသာ အာရုံစိုက်ပေးပါ။

ငွေရေးကြေးရေး အရ ဝင်ငွေ ပုံမှန် ရရှိနေပါမယ်။ သို့သော် လျော်ကြေးငွေ ပေးဆောင်ရဖွယ် ရှိနေတတ်၍ ငွေပေးငွေယူ ကိစ္စများတွင် အတတ်နိုင်ဆုံး သတိထားပေးပါ။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစုဝင် အချို့သည် ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါတယ်။ ပေါ့ဆမှု မရှိစေဘဲ လိုအပ်သော ဆေးဝါးကုသမှု ရယူပေးရန် လိုအပ်ပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။