ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင်

Astrology
ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင်
woman hands holding salt, black background

လောကီပညာ မှာ ဆားရဲ့ အသုံး၀င် ပုံများ ကို လူတိုင်း သိကြမှာပါ။
အထူးသဖြင့် မကောင်းတဲ့ ကံတွေ ဖယ်ရှားတဲ့ နေရာမျိုးမှာ သုံးလေ့ ရှိကြပါတယ်။
အခု ပြောမယ့်နည်းက တော့ မိတ်ဆွေ တယောက် ငွေကြေး အခက်အခဲ ကြုံခိုက် သုံးခဲ့တာပါ။ ကျမမိတ်ဆွေရဲ့ အကြပ်အတည်းက အတော်ကို ဆိုးတာပါ။ ပေးစရာ ရှိတာမပေးရင် အဖမ်းခံရမယ် ဆိုတာ မျိုးပါ။

Signs You're Eating Too Much Salt – Cleveland Clinic

ဒီနည်း လေး သုံးလိုက်တာ အဆင်ပြေသွားခဲ့ပါတယ်။ မှတ်စု ထဲက ပြန် တွေ့ လို့ ဝေမျှပေးလိုက်တာပါ။
လိုအပ်တာ ကတော့ ဆား နဲ့ ရေ ပါဘဲ။
လုပ်ရမှာက ဆားကို လက်ဖဝါး နှစ်ဖက်လုံးထဲ ထည့်ပွတ်ပြီး ဆုတောင်းပါ။
ပြီးရင် ရေ နဲ့ ဆေး ချ လိုက်ယုံပါဘဲ။

ဆားက ဘာဆား ဖြစ်ဖြစ် ရပါတယ်။ ကျောက်ဆား သို့မဟုတ် ပင်လယ်ဆား အဆင်ပြေ တာ သာသုံးပါ။
ရေ ကလည်း ဘာရေ ဖြစ်ဖြစ် ရပါတယ်။ သန့်ရှင်း တဲ့ ရေ တော့ ဖြစ်သင့်ပါတယ်။
သတိထား ရမယ့် အချက် နှစ်ချက် ရှိပါတယ်။
၁။ ပြုလုပ်ရမည့် အချိန်က မနက် ၆ နာရီ သို့မဟုတ် ညနေ ၆ နာရီ မှာသာ လုပ်နိုင်ပါတယ်။

၂။ ဆား နဲ့ လက်ကို ပွတ်ပြီး ဆုတောင်းပါ။ အချိန်ကြာစရာ မလိုပါ။
ရေ နဲ့ ဆေး ချ တဲ့ အချိန် မှာ အောက်က ဇလုံ သို့မဟုတ် တစုံတခု နဲ့ လက်ဆေး ရေ ကို ခံထား ရပါတယ်။

အဲဒီ ရေ ကို မိမိ အိမ်၀န်း ထဲ မပစ် ရပါ။ အိမ်ခြံ၀န်း အပြင် မှာ ပစ်ရပါတယ်။ အဲလို ရေသွန်ဖို့ နေရာ ခက်ခဲ ရင်တော့ အိမ်သာ ထဲသာ သွန်လိုက်ပါ။

ကျမ မိတ်ဆွေက တော့ တကြိမ်ဘဲ လုပ်ပြီး အဆင်ပြေ သွားပါတယ်။ လိုအပ်တဲ့ ငွေကို ကူညီပေးမယ့်သူ ပေါ်လာပါတယ်။
လိုအပ် မယ် ဆိုရင် တကြိမ်ထက် ပိုလုပ်နိုင်ပါတယ်။
မိတ်ဆွေအားလုံး အစစအရာရာ အဆင်ပြေ ကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။