နှလုံးသွေးကြောကျဉ်း ရောဂါအတွက် သဘာဝဆေးနည်း

Health Knowledge
နှလုံးသွေးကြောကျဉ်း ရောဂါအတွက် သဘာဝဆေးနည်း

ပိတ်ဆို့နေသော သွေးလွှတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။

ဤနည်းကို ဂျာမဏီ နိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။

အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွှတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊


အသည်းနှင့် အသည်းအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။ သွေးလှည့်ပတ်မှု စနစ်နှင့် ပတ်သက်သော ရောဂါများ၊ နှလုံးနှင့် ပတ်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။

ပါဝင် ပစ္စည်းများကတော့

ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွှာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။
ကြက်သွန်ဖြူများကို အခွံနွာပါ။

ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲ ထည့်၍ မွှေပါ။
ထိုမွှေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထည့်၍ ဆူလာသည် အထိကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထည့်သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။

ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစောတွင် သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။


မသောက်မှီ ပုလင်း၊ ဗူးအောက်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။ အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။

လေးစားစွာဖြင့် ပြန်လည်မျှဝေပေးပါတယ်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။