ဆော်ဒီအာရေဗျမှာ တည်ဆောက်မယ့် ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်

International News
ဆော်ဒီအာရေဗျမှာ တည်ဆောက်မယ့် ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်

ဂျပန်စီးရီး Dragon Ball ရဲ့ ပရိသတ်တွေက အခုဆို စီးရီးထဲက အကြိုက်ဆုံးစွန့်စားခန်းတွေကို လူကိုယ်တိုင်တွေ့ကြုံခံစားနိုင်တော့မှာပါ။ ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်ကို ဆော်ဒီအာရေဗျမှာ တည်ဆောက်တော့မှာဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Qiddiya ရဲ့အကြီးမားဆုံးခရီးသွားလုပ်ငန်းပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီအပန်းဖြေဥယျာဉ်က မြေဧရိယာစတုရန်းမီတာ ၅၀၀၀၀၀ ကျော်ရှိတဲ့ ဧရိယာ ၇ ခုပါဝင်မှာဖြစ်ပါတယ်။ ဒါဟာ စင်ကာပူမှာရှိတဲ့ Universal Studios အပန်းဖြေဥယျာဉ်ရဲ့အရွယ်အစားထက် နှစ်ဆကျော်ပါတယ်။

ဒီအပန်းဖြေဥယျာဉ်မှာ အထင်ကရနေရာ ၃၀ ကျော် ရှိမှာဖြစ်ပြီး ရိုလာကိုစတာတွေထဲက တစ်ခုက စီးရီးထဲက Shenron နဂါးဖြစ်ကာ ၇၀ မီတာ မြင့်မှာဖြစ်ပါတယ်။ ဒီပရောဂျက်အတွက် ပြီးစီးမယ့်ရက်စွဲကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ Dragon Ball အပန်းဖြေဥယျာဉ်တည်ဆောက်မယ့်ဆိုတဲ့သတင်းက Dragon Ball Manga ကို ဖန်တီးသူ အာခီရာတိုရီယာမာ ကွယ်လွန်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ထွက်ရှိလာခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။