thayလုဆဲဆဲ ဖြစ်နေသူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင်

International News
thayလုဆဲဆဲ ဖြစ်နေသူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင်

စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဟာ လုပ်စရာရှိတဲ့ကိစ္စတွေအားလုံးကို ဘေးချိတ်ထားပြီး သေလုဆဲဆဲ ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကင်ဆာရောဂါ ခံစားနေရတဲ့ ဟီသာဘောင်ဝါဟာ ရှင်သန်ချိန် ရက်ပိုင်းပဲ ကျန်တော့ပြီး သူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်၊ အောက်တားဘန်မြို့မှာ ဖွင့်လှစ်ထားတဲ့ Mama Kwans စားသောက်ဆိုင်မှ ဝက်သားဟင်းကို စားချင်ခဲ့တာပါ။

သူငယ်ချင်းဖြစ်သူ ဟီသာဘောင်ဝါရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် မေရီဆင်မွန်က Mama Kwans စားသောက်ဆိုင်ထံ ဖုန်းဆက်ပြီး ဝက်သားဟင်း မှာပေးခဲ့ပါတယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ဟီသာဘောင်ဝါရဲ့အိမ်နဲ့ Mama Kwans စားသောက်ဆိုင်က ကားမောင်းသွားရင် ၆ နာရီခရီး သွားရမှာပါ။ မေရီဆင်မွန်ရဲ့ ဖုန်းခေါ်ဆိုမှု ရရှိခဲ့ပြီးနောက်မှာတော့ Mama Kwans စားသောက်ဆိုင်ပိုင်ရှင် ကီဗင်ချာရီက ဟင်းပွဲချက်ပြီး သူ့ကားနဲ့ ကိုယ်တိုင် လာပို့ခဲ့တာပါ။

ဟီသာဘောင်ဝါဟာ သူ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ဟင်းလျာကို စားသောက်ပြီး နောက်တစ်ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ရောင်းသူ၊ ဝယ်သူဆိုတာထက် စေတနာ၊ မေတ္တာကို အရင်းခံပြီး ၆ နာရီခရီး ကားမောင်းပြီး ဟင်း လာပို့ပေးခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ လုပ်ရပ်ကိုတော့ လူအများက ဝိုင်းဝန်း ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။