ထိုင်ဝမ်ငလျင် – thayဆုံးသူ ၄ ဦးအထိ မြင့်တက်လာ

International News
ထိုင်ဝမ်ငလျင် – thayဆုံးသူ ၄ ဦးအထိ မြင့်တက်လာ

ငလျင်ကြောင့် တိမ်းစောင်းသွားတဲ့အ‌ဆောက်အအုံတွေထဲမှာရှိနေတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်နေရဆဲလို့ သိရပါတယ်

ထိုင်ဝမ် မီးသတ်ဌာနကနေ ဘီဘီစီက နောက်ဆုံးရရှိတဲ့အချက်အလက်အရ ငလျင်ကြောင့်thayဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရသူ ၅၇ ဦးရှိနေပါတယ်။

ပထမဆုံးthayဆုံးမှုနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း ထပ်မံရရှိထားပါတယ်။ အဲဒီthayဆုံးမှုဟာ ဟွာလင်းမြို့အပြင်ဘက် ဒီကာလွန် တောလမ်းမှာဖြစ်ပွားခဲ့တာလို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ thayဆုံးသူဟာ ပြိုကျလာတဲ့ကျောက်တုံးတွေ ပိပြီး thayဆုံးခဲ့တာလို့ သတင်းဖော်ပြပါတယ်။ thayဆုံးသူဟာ လူ ၇ ဦးပါတဲ့ တောလမ်းလျှောက်အဖွဲ့က ဖြစ်ပြီး အဲဒီအဖွဲ့ထဲက ကျန်နဲ့သူတွေလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ငလျင် – စစ်တပ်ကလည်း ကူညီမယ်လို့ သမ္မတ ဆိုင်အင်ဝမ်ပြော

ထိုင်ဝမ်မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ငလျင်ကြောင့် တိမ်းစောင်း အဆောက်အအုံ

ထိုင်ဝမ်ငလျင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဖို့ စစ်တပ်ကို ဖြန့်ကြက် နေရာချသွားပေးမယ်လို့ သမ္မတ ဆိုင်အင်ဝမ်က ပြောလိုက်ပြီး ဗဟိုအဆင့် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းပါတယ်။

လူမှုကွန်ရက်‌ပေါ် ဖေ့ဘွတ်ခ်မှာ တင်ထားတဲ့ ပို့စ် တစ်ခုမှာတော့ သမ္မတက ငလျင်ကြီးအပြီးနောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ အာဏာပိုင်တွေက ပြောတဲ့‌နောက်ဆုံးသတင်းအချက်အလက်တွေကို မပြတ်သိအောင်လုပ်ဖို့နဲ့ ဓာတ်လှေကား မသုံးဖို့ တိုက်တွန်းပါတယ်။

ငလျင်ကြောင့် ဟွာလင်မြို့က အဆောက်အအုံတွေ ပြိုကျခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက အစောပိုင်းမှာ ပြောထားပါတယ်။

ဒေသတွင်း သတင်းတွေမှာဖော်ပြနေတဲ့ ရုပ်သံတွေမှာတော့ အဆောက်အအုံအတို့ အတော်လေးတိမ်းစောင်းသွားခဲ့ပြီး ရွှေ့ပြောင်းတာတွေကိုလည်း ပြုလုပ်နေတာတွေ့ရပါတယ်။

ဟွာလင်းမြို့က လှိုဏ်ဂူ ၄ ခုထဲမှာ လူတွေ ပိတ်မိတာလည်းရှိနေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။