ဆွေမျိုးသားချင်းတွေကို မျက်ကွယ်ပြုပြီး ပြုစုစောင့်ရှောက်သူအတွက် အမွေယူရို ၅ သန်းကျော် ချန်ရစ်ပေးခဲ့သူ

International News
ဆွေမျိုးသားချင်းတွေကို မျက်ကွယ်ပြုပြီး ပြုစုစောင့်ရှောက်သူအတွက် အမွေယူရို ၅ သန်းကျော် ချန်ရစ်ပေးခဲ့သူ

အမွေဆက်ခံမယ့် သား/သမီး မရှိတဲ့ အီတလီအမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ဆွေမျိုးသားချင်းတွေကို မျက်ကွယ်ပြုပြီး သွေးသားမတော်စပ်တဲ့ ပြုစုစောင့်ရှောက်ပေးသူကို ယူရို ၅ သန်း အမွေပေးခဲ့ပါတယ်။ အီတလီနိုင်ငံ၊ ရိုဗာရီတိုမြို့မှာ နေထိုင်တဲ့ မာရီယာမယ်ဖက်တီဟာ မြို့တော်ဝန်ဟောင်း ဗယ်လာရီယာနိုရဲ့ မျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပြီး အလွန်ချမ်းသာကြွယ်ဝသူပါ။ မြို့လယ်ခေါင်မှ သမိုင်းဝင်အဆောက်အအုံအပါအဝင် တိုက်ခန်းအများအပြား ပိုင်ဆိုင်ပြီး ဘဏ်ထဲမှာလည်း ငွေအများအပြား အပ်နှံထားသူပါ။

ဒါပေမဲ့ သူက အိမ်ထောင်မပြုခဲ့တာကြောင့် အမွေဆက်ခံမယ့် သားသမီးလည်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကွယ်လွန်သွားခဲ့ပြီး တူ/တူမ ၁၀ ယောက် ကျန်ရစ်ခဲ့ပေမဲ့ သူတို့အတွက် အမွေ လုံးဝချန်ရစ်ထားခဲ့ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ မာရီယာကို အယ်လ်ဘေးနီးယားအမျိုးသမီးတစ်ယောက်က ပြုစုစောင့်ရှောက်ပေးခဲ့ပြီး မာရီယာက သူ့ရဲ့ သေတမ်းစာမှာ အမွေအားလုံး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ရှေ့နေဖြစ်သူ လူကာဖက်ဒရီဇီက မာရီယာရဲ့ thayတမ်းစာကို ဖတ်ကြားချိန်မှာ တူ/တူမတွေက မကျေမနပ်ဖြစ်ပြီး အမွေဆက်ခံခွင့်ကို ရပ်ဆိုင်းထားဖို့ လျှောက်ထားခဲ့ကြပါတယ်။ မာရီယာက အသက်ကြီးနေလို့ ပြုစုစောင့်ရှောက်ပေးနေသူက အခွင့်ကောင်းယူသွားတာလို့ သူတို့က စွပ်စွဲခဲ့ကြပါတယ်။ တရားသူကြီးကလည်း အယ်လ်ဘေးနီးယားအမျိုးသမီးရဲ့ အမွေဆက်ခံခွင့်ကို ရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။