အဆုတ်နှငိ့ပက်သက်သောရောဂါများအတွက် ကြောင်ရိုသေ ကြောင်ဆေးပင်

Health Knowledge
အဆုတ်နှငိ့ပက်သက်သောရောဂါများအတွက် ကြောင်ရိုသေ ကြောင်ဆေးပင်

အဆုတ်နှငိ့ပက်သက်သောရောဂါ ၊ အဆုတ်အအေးပတ်သော အဖျား ၊ ပန်းနာ ၊ လေပြွန်ချောင်းပူခြင်း စသည်တို့ကို သက်သာစေသည်။ အသုံးပြုပုံ- အရွက် ၁ ။ ကြောင်ရိုသေပင်၏ အရွက်ရည်ကို ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက် တမာရွက်ရည် နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း ၊ အော့အန်ခြင်းကို သက်သာစေသည်။ ချွဲကျစေသည်။

၂ ။ အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။

၃ ။ အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။

၄ ။ အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏ ။

၅ ။ အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏ ။

၆ ။ အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။

၇ ။ ၎င်းအရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏ ။

၈ ။ အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။ ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။

၉ ။ အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦီးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။

၁၀ ။ အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။

၁၁ ။ အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။

#အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။