ဖုန်းရွှေဆိုတာဘာလဲ?

Astrology
ဖုန်းရွှေဆိုတာဘာလဲ?

ဖုန်းရွှေပညာရပ်ဟာလွန်ခဲ့နှစ်ပေါင်း 3000 ကျော်လောက်ကစတင်ပေါက်ပွားလာခဲ့တာပြီး ရှေးဟောင်းဂန္ဓာရီအတက်ပညာရပ်တစ်ရပ်ဟုဆိုနိုင်ပါတယ်။ ဖုန်းရွှေပညာရပ်ဟာမြေနေရာရွေးချယ်မှု၊ အိမ်ဆောက်လုပ်မှု၊ အိမ်ခန်းဖွဲ့စည်းမှု၊ အိမ်ထောင်ပရိဘောဂ နေရာထားမှုတွေနဲ့ မူလဘူတ သဘာဝဓာတ်ကြီးတွေရဲ့ ဆက်နွယ်သက်ရောက်နေတဲ့ အကျိုးသက်ရောက်မှုတွေကိုဆန်းစစ်တဲ့ပညာရပ်ပဲဖြစ်ပါတယ်။

“ဖုန်းရွှေ” (Feng Shui) ဆိုတာက တရုတ်စကား . . တရုတ်စကားလုံးပါပဲ။ “ဖုန်း” (Feng) ဆိုတာက တရုတ်လို “လေ” လို့ အဓိပ္ပါယ်ရတယ်။ “ရွှေ” (Shui) ဆိုတာ ”ရေ” လို့ အဓိပ္ပါယ်ရတယ်။ “ဖုန်းရွှေ” (Feng Shui) “လေ” နဲ့ “ရေ”၊ ဒါပေမယ့် . . . ဖုန်းရွှေ ရဲ့ “လေ” နဲ့ “ရေ” က ရိုးရိုး ‘လေ’နဲ့ ရိုးရိုး ‘ရေ’ မဟုတ်ဘူး။ တောင်ထိပ်တက်တဲ့ ‘လေ’နဲ့ လှိုင်းထိပ်ဖျားရောက်တဲ့ ‘ရေ’ကို ပြောတာပါ။

အဲ့ဒီ ‘လေ’နဲ့ ‘ရေ’တို့ရဲ့ စည်းဝါးကိုက် ညီညွတ်စွာ ပေါင်းစပ်ခြင်းဟာ ဖုန်းရွှေ” ရဲ့ အခြေခံပဲ။ ဖုန်းရွှေရဲ့ မူလဘူတာပဲ။ ကောင်းကင်က စွမ်းအင်တွေကို မြေပြင်ပေါ်ကလူတွေ . . . ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဓါတ်တည့်မှုရှိအောင် ပြုလုပ်ပေးတဲ့ ဂန္ဓာရီအတတ်ပညာဟာ “ဖုန်းရွှေ” ပါပဲ။

ဒါ့ကြောင့် မိမိကိုယ်ကိုတင့်သင့်လျှောက်ပတ်နိုင်အောင် တည်ဆောက်ချင်တဲ့မည်သူမဆိုဖုန်းရွှေပညာရပ်ကို အသုံးပြုလို့ရပါတယ်။ အေးချမ်းသာယာလှပပြီးနေချင်စဖွယ်ရှိတဲ့ ပတ်ဝန်းကျင်ကောင်းကိုလူတိုင်းနီးပါးလိုချင်ကြတာအမှန်ပါပဲ။ ဖုန်းရွှေပညာရပ်ဟာ ရုပ်ဝတ္ထုကြွယ်ဝချမ်းသာမှုတွေကိုဆောင်ကြဉ်းပေးနိုင်ယုံတင်မကဘဲ စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာပေါင်းသင်းဆက်ဆံရေးတွေ၊ ကျန်းမာရေး၊ အောင်မြင်မှုတွေကိုယူဆောင်လာနိုင်တဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

ဖုန်းရွှေပညာရပ်ဟာ ပတ်ဝန်းကျင်မှာဘယ်လိုသက်ရောက်မှုတွေကို ဖြစ်စေမှာလဲဆိုတာကိုအဓိကလေ့လာတဲ့ပညာရပ်ပဲဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာစီးဆင်းနေတဲ့ ချီဓာတ်တွေရှိပါတယ်။ ဒီဓာတ်တွေဟာ မိမိထဲမှာရှိတဲ့ ချီဓာတ်တွေကိုအကျိုးသက်ရောက်တဲ့အပြင် မိမိရဲ့ဓာတ်စွမ်းအင်က မိမိရဲ့အတွေးအခေါ်အပြုအမူတွေကိုပါ အကျိုးသက်ရောက်စေပါတယ်။ ဒီလိုဆက်နွယ်နေတဲ့ စွမ်းအင်တွေကို ဖုန်းရွှေနည်းပညာနဲ့ ထိန်းချုပ်ပြီး နေ့စဉ်ဘဝမှာတိုးတက်မှုတွေရှိလာအောင် ဖန်တီးလို့ရပါတယ်။

မိမိနဲ့ မိမိပတ်ဝန်းကျင်ကိုလည်ပတ်နေတဲ့ စွမ်းအင်တွေကို သဟဇာတဖြစ်အောင် ထိန်းညှိပေးခြင်းအားဖြင့် မိမိပတ်ဝန်းကျင်နဲ့ မိမိကိုယ်တိုင်ဟာ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်သွားပါတယ်။ သဘာဝတရားနဲ့လိုက်လျောညီထွေနေထိုင်ပြီး နေ့စဉ်ဘဝတိုးတက်မှုတွေရှိအောင် ဖန်တီးပေးနိုင်တဲ့နည်းစနစ်ကိုရာစုနှစ်များစွာအထိ ပညာရှင်တွေဟာ လက်တွေ့အသုံးချခဲ့ကြပါတယ်။

“ဖုန်းရွှေ”ကို လေ့လာမယ်။ “ဖုန်းရွှေ”ကို သင်ကြားမယ်ဆိုရင် . . . ပထမဦးဆုံး ‘ဖုန်းရွှေ’ရဲ့ ပင်မဒေါက်တိုင်ကြီး သုံးတိုင်ကို သိထားသင့်တယ်။ အဲဒီဒေါက်တိုင်ကြီး သုံးတိုင်ကတော့ ‘ယင်’၊ ‘ယန်’ နဲ့ ‘ချီ’ ပါပဲ။ အဲဒီဒေါက်တိုင်ကြီး သုံးတိုင်နဲ့ ‘ဖုန်းရွှေ” ဂန္ဓာရီအတတ်၊ ‘ဖုန်းရွှေ” ဂန္ဓာရီပညာကို တည်ဆောက်ထားတာပါပဲ။
#မင်းသိင်္ခဗေဒင်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။