ခင်ပွန်းဖြစ်သူနဲ့တရားဝင်ကွာရှင်းပြတ်စဲတော့မဲ့ အကြောင်း ရင်ဖွင့်ပြောပြခဲ့တဲ့ ဒေါက်တာမြဝတ်ရည်

Celebrity Local News
ခင်ပွန်းဖြစ်သူနဲ့တရားဝင်ကွာရှင်းပြတ်စဲတော့မဲ့ အကြောင်း ရင်ဖွင့်ပြောပြခဲ့တဲ့ ဒေါက်တာမြဝတ်ရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ပွန်းဖြစ်သူနဲ့တရားဝင်ကွာရှင်းပြတ်စဲတော့မဲ့ အကြောင်း ရင်ဖွင့်ပြောပြခဲ့တဲ့ ဒေါက်တာမြဝတ်ရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့တရားဝင်ကွာရှင်းပြတ်စဲတော့မဲ့ အကြောင်း ရင်ဖွင့်ပြောပြခဲ့တဲ့ ဒေါက်တာမြဝတ်ရည်

ပရိသတ်ကြီးရေ.. စကားပြောပွင့်လင်းပြီး မဟုတ် မခံတတ် သလို ချစ်စရာ စိတ်ထားလေးတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီတွေ ထဲမှာ ဒေါက်တာမြ ဝတ်ရည်ကလည်း အပါအဝင်ပါပဲ..။

ဒေါက်တာမြဝတ်ရည်ဟာဆိုရင် ခွဲစိတ်အထူးကု ဆရာဝန်ဘဝ မှာ CDMပြုလုပ်ကာ ပြည်သူလူထုနဲ့ အတူတစ်သားတည်း ရပ်တည်ပြီး ဆန့်ကျင်တော် လှန်ခဲ့သူ တစ်ယောက်ပဲဖြစ်ပါ တယ်နော်။

ဘေးကင်းတဲ့နေရာမှာနေရင်း ဒေါက်တာမြ ဝတ်ရည်ဟာ သမီးလေးတစ်ယောက်ကိုမွေးဖွားခဲ့ပြီး သမီးလေးဟာဆိုရင်လည်း အခုဆိုရင် (၂) နှစ်ကျော် အရွယ်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။အိမ်ထောင်ရေး
နဲ့ ပတ်သက်ပြီး အရင်ကတည်းက အဆင်မပြေမှု တွေရင်ဖွင့်လေ့ ရှိတဲ့ ဒေါက်တာမြဝတ်ရည်ဟာ ဒီ တစ်ခါမှာလည်း သူမရဲ့စိတ် ခံစားချက်ကို ရင်ဖွင့်လာပါတယ်။

ဒေါက်တာမြဝတ်ရည်က“တော်လှန်ရေးကာလပြီးရင် ပထမဆုံးလုပ်ရမယ့် အလုပ်တစ် ခုရှိတယ်။ ကိုယ့်စိတ်ကျန်းမာဖို့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရဖို့ သမီးလေး စိတ်ဒဏ်ရာနဲ့မကြီးပြင်းဖို့ တရားဝင် ကွာရှင်းပြတ် ဆဲတာကို လုပ်ပါမယ် (အဲ့ဒါမှမလုပ်ရရင် ေ-သ ပစ်တော့မှာ)ဘာမှပြန်ဖြေရှင်းမှာမဟုတ်ပါ” ဆိုပြီး သူမရဲ့ဖေ့စ် ဘုတ် စာမျက်နှာကနေ ရေးသားလာခဲ့တာပဲဖြစ်ပါ တယ်။ဒေါက်တာ မြဝတ်ရည်ကတော့ တော်လှန်ရေး ကာလပြီးရင် အိမ်ထောင်နဲ့ တရားဝင် ကွာရှင်း ပြတ်ဆဲဖို့ လုပ်တော့မယ်ဆိုပြီး ပြတ်ပြတ် သားသား ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဒေါက်တာမြဝတ်ရည် တို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မေလကမှ လက်ထပ်ထားကြပြီး အိမ်ထောင်သက် (၃) နှစ်ကျော်သာရှိ သေးတာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။