ခန္ဓာကိုယ်အပူငြိမ်းအောင်

Health Knowledge
ခန္ဓာကိုယ်အပူငြိမ်းအောင်

ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်

၁ ) – ခန္ဓာကိုယ်အပူအကြောင်း လူ တစ်ယောက်၏ ကိုယ်တွင်း အပူချိန်သည် ပျှမ်းမျှ ၉၆ . ၆ ဒီဂရီ ဖြစ်ပြီး ရာသီ ဥတု ပေါ် မူတည် ၍ ၄င်း ပမာဏထက် အပူချိန် အတက်အကျ အနည်းငယ် ပြောင်းလဲ တတ် ပါ၏ ။
ကိုယ်တွင်း အပူ များခြင်းကို ဆေးပညာ လောက၌ Heat street ဟု ခေါ်ပြီး ကိုယ်တွင်း အပူချိန် သည် သူ့ အလိုလို အေးသွားခြင်း မျိုး မရှိ တတ်ပါ။

၂ ) – အပူချိန် များ ပါက ဖြစ်တတ် သော ရောဂါ များခန္ဓာ ကိုယ်တွင်း လိုအပ်သည် ထက် အပူချိန် ပိုများပါက ပိန်ချုံးခြင်း, ကြွက်တက်ခြင်း လျှာ – နုတ်ခမ်းတွင် သာမက အရေပြားပေါ်တွင် အဖုအ ပိမ့် များ ထွက်လာခြင်း ..
ဝက်ခြံ ထွက်ခြင်း, ခေါင်းမူးဝေခြင်း, ပျို့အန်ခြင်း တို့ အပြင် ခန္ဓာကိုယ် အတွင်း ကလီစာ များကိုပါ ပျက်စီး စေနိုင်သည် ဟု လေ့လာချက်အရ သိနိုင် သည်။

၃ ) -အပူရှိန် မြင့်တက် စေ၍ အထူး ရှောင်ရမည့် အစားအစာ များ
ရေခဲရေ., ရေနွေး, စွပ်ပြုတ် စသည့် အရည်ပူပူ များ နေပူ ထဲ အချိန်ကြာ သွား လာခြင်း ငရုပ်သီး., ချင်း ( ဂျင်း ), မျှစ်ချဉ်, ငရုပ်ကောင်း,, ပတဲကော, စသော ပူပူ လောင်လောင် အစပ် များစားခြင်း ရေသောက် နည်းခြင်း များသည် ကိုယ်တွင်း အပူချိန် မြင့်တက် လာစေ ရှောင် ကျဉ် ရမည်။

၄ ) – အပူငြိမ်းအေးစေရန်
အပူ ငြိမ်းအေး စေရန် အဓိက ဆေးအဖြစ် ရေဝဝ သောက် ပြီး တစ်နေ့ ရေ ၂ ကြိမ် ချိုးပေးပါ။

၅ ) – အပူ ဓာတ် များသူ အတွက်
မိုးရာသီ မှ လွဲ၍ ဆောင်းနှင့် နွေတို့ တွင် ခန္ဓာကိုယ်တွင်း အပူဓာတ် များသူများအတွက် ယခင်ကထက် ရေကို ပို သောက် ပြီး ရေဓာတ်ပါသော အသီးအနှံများ စားပေးသင့် သည်

ဖရဲသီး

– ခန္ဓာကိုယ်၏ ၃ ပုံ ၂ ပုံ ကို အရည်ဓာတ်ဖြင့် ဖွဲ့စည်း ထားပါသည်။ဖရဲသီးထဲမှာ ရေဓာတ် ၉၀ % ကျော် ပါဝင်၍ အပူ ငြိမ်း အေးစေသော အကောင်းဆုံး အသီးအနှံဖြစ်ပါသည်။

သခွားသီး

– သခွားသီး မှာ ရေ ဓာတ် ကြွယ်ဝစွာ ပါရှိ၍ ခန္ဓာကိုယ် ကို ထိရောက် စွာ အေးမြ စေပြီး နေ့စဉ် စားပေး သင့်ပါသည်။

သံပုရာသီး

– နံနက် အိပ်ရာ ထ သံပုရာ ဖျော်ရည် တစ် ခွက် သောက် ပေးခြင်း ကလည်း ကိုယ်တွင်း အပူငြိမ်းအေး စေရုံသာမက ပေါ့ပါး လန်းဆန်းစေပြီး တစ်နေ့ကုန် သက်လုံ ကောင်း စေပါသည်။

ပူစီနံရွက်

– ပူစီနံရွက် သည် ခန္ဓာ ကိုယ်တွင်းကို အေးမြ စေ၍ မြန်မာ, အိန္ဒိယ ဗီယက်နမ် မကာအို စသော ဥ ရောပ တခွင်ရှိ ရှေး တိုင်းရင်းဆေး ဆရာကြီး များက ပူစိ နံပင် များကို အပူ ငြိမ်းဆေး အဖြစ် ဆေးဝါး ဖော်စပ် လာ ခဲ့ကြ ပါ၏ ။

မုန်လာဥ အဖြူ

– အဖြူရောင် မုန်လာဥများ ထဲ၌ ဗီတာမင် စီ ပါဝင်သည့် အပြင် ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ် ပေးနိုင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ အလုံ အလောက် ပါဝင်နေ ၍ စားပေးသင့် ပါသည်။

နှမ်း

– နှမ်းစေ့ များသည် အပူ ငြိမ်းအေး စေသော အိမ် တွင်း ဆေးဝါး တစ်မျိုး ဖြစ်ခြင်း ကြောင့် နှမ်းစားရင်း ရေ များများ သောက်ခြင်း, နှမ်းပျစ်, နှမ်းယို လေးတွေ စားပေး လည်း အပူ ငြိမ်းအေး စေပါ၏ ။

စမုံစပါး

– စမုန်စပါး အစေ့လေးများကို သောက်ရေခွက်ထဲ တစ်ညအိပ် စိမ်ထားပြီးနံနက် အိပ်ရာ ထပါက ရေသောက်ရင်း အဖတ် များပါကုန်အောင် ဝါးစားပါက တစ်နေ့တာလုံး, အပူငြိမ်းအေး စေနိုင်သည့် အပြင် ခံတွင်း ရနံ့ကိုပါ ရှင်းသန့် စေနိုင်ပါသည်။
အုန်းစိမ်းရည်

– အုန်းသီးစိမ်း နုနုမှ ရသော အုန်းစိမ်း

ရည် အား သင့်တင့် မျှတစွာကိုယ်တွင်း အပူ ဓာတ် များသူ များနှင့် မိခင်လောင်းများအတွက် အပူ ငြိမ်းအေး စေ သည့် အပြင် ရေ ဓာတ် ခမ်း ခြောက်ခြင်း မှလည်း ကာ ကွယ် ပါသည်။

သလဲသီး

– သလဲသီး နှင့် သလဲသီး ဖျော်ရည် ကလည်း ကိုယ်တွင်း အပူကို စုပ်ယူ သဖြင့် မှီဝဲ ပေးသင့် ပါသည်။

ဘိန်းစေ့

– ဘိန်းမုန့်, ဆနွင်မကင်း, စသည့် သရေစာ မုန့်များ၌ အသုံး ပြုလေ့ရှိ သော ဘိန်းစေ့ လေးများ ကလည်း ကိုယ်တွင်း အပူရှိန် ပုံ မှန် ဖြစ်စေပါ၍ ည အိပ်ရာဝင်ခါနီး ဘိန်းစေ့ လက်တဆုပ် ဝါးစားပြီး ရေသောက် အိပ်ပါက နှစ်ခြိုက်စွာ အိပ်မောကျစေသည့် အပြင် တစ်နေ့တာ လုံး အပူ ငြိမ်း စေသည်။

ပဲနံ့သာပင် အစေ့

– အိန္ဒိယနိုင်ငံ ၌ ရှေးယခင်က စ၍ယနေ့ တိုင်အောင် အပူငြိမ်း ဆေး တိုင်းရင်း ကုထုံးဖြင့် ပဲနံ့သာပင် အစေ့များကို အသုံးပြု လျှက် ရှိပါသည်။ ဟင်းခပ် အမွှေးအကြိုင် အဖြစ် ချက်ပြုတ် စားသောက်နိုင်သည်။

နွားနို့

– ကျိုချက် ပြီးသား နွားနို့ကို အအေးခံ ၍ နံနက်တိုင်း သောက်ပေး ပါက လည်း ကိုယ်တွင်း အပူ ငြိမ်းအေး စေပါ၏ ။ ( နွားနို့တွင် ပျားရည် အနည်းငယ်ခပ်သောက်နိုင်သည်)။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။